Sunday, January 20, 2013

“နှစ်သစ် အဖွင့်”

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
စစ်ချီတေး... စစ်သည်တေး မလိုဘူး .....
ယမ်းငွေ့ တလူလူခြား ငိုကြွေးမယ့်
ရှိုက်သံတွေ ... မလိုဘူး .....
မြန်မာပြည်မြောက်ပိုင်းက
ဆောင်း အချမ်းဟာ
ငါတို့ မြေပြန့်သားတွေကို
... ချောင်းဆိုး ရင်ကျပ်စေတာ အမှန်ပဲ
ရင်ဘက်ချင်း
Network ချိတ်ထားသလို .....
အသွေးအသားချင်း
ဝက်သိုးချုပ် ချုပ်ထားသလို .....
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မသွားဖို့ ...........။

မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ဘယ်အချိန် ဘာလာမယ်ဆိုတဲ့
ပရိုဂရမ်တွေ မလိုဘူး ......
အလိုမတူဘဲ
လွင့်ကြွေရမယ့် ပန်းကလေးတွေ မလိုဘူး .....
တိုင်းတစ်ပါးမြေပေါ် ကျတဲ့ မျက်ရည်စက်ဟာ
ငါတို့ နှလုံးသွေးစက်တွေ ဆိုလည်း အမှန်ပဲ
တစ်ယောက်ခေါင်း တစ်ယောက်နင်းပြီး
မွေးဖွားကြီးပြင်းလာ သလို .....
မျက်ဝန်းတွေကတစ်ဆင့် တစ်ယောက်ရင်တွင်း
တစ်ယောက် လှမ်းမြင်နေရ သလို......

ဒီမှာ
မနက်ဖြန်ရောက်မယ့်
နှစ်သစ်အဖွင့်မှာ
ငါတို့ ရင်ထဲက မနက်ဖြန်တွေ ခိုးဝှတ်မခံရဖို့ .....
မနက်ဖြန်တွေကို အတောက်တပ်ထား လိုက်တော့မယ်..။ ။
PM 07:06
31.12.2012 (နှစ်ကူးည)
မှူးဆက်ပိုင် (ရွှေတောင်)
"ဒို့ အမျိုးဇာနည် .... ပီပါပေသည်"

မနက် (၄)နာရီလောက်တွင် အဘဖိုးစိန် မီးလှုံ့နေသည့်အသံကြားရ၍ အိပ်မပျော်သည့်အတူတူ နွေးသွားအောင် မီးလှုံ့မည်ဟု ကြံကျောင်းစိတ်ကူးလိုက်သည်။ ၀ါးကပ်ကြားက တိုးထွက်လာသော ဆောင်းလေအေးနှင့် ဆောင်းအချမ်းကို ကြံကျောင်း ကိုယ်ပေါ် လွှမ်းခြုံထားသော လွှာချင်းစောင်ပါးပါးလေးက ဘယ်လိုမှ အနွေးဓါတ်ရ အောင် ကာကွယ်မပေးနိုင်။ ဒါကြောင့် သူ ဆောင်းတွင်းကို မြန်မြန်ကုန်စေချင်လှပြီ။
“လူလေး .... အိပ်ဦးေ...လ .... အစောကြီး ရှိသေးတယ် ”
ထပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီ ဖင်ပြတ်နှင့် အိပ်ချင်စုန်မွှား ထလာသော ကြံကျောင်းကို အဘဖိုးစိန်က ဆီးပြောသည်။
“ချမ်းတယ် ... အဘရ .... အိပ်လို့ ... မရတော့ဘူး”
မေးရိုက်သံနှင့် ပြောလာသော မြေးဖြစ်သူကို အဘဖိုးစိန် ဂရုဏာ သက်စွာဖြင့် စိတ်မကောင်းဖြစ်သွားမိ သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြွေလွင့်သွားရသော ကြံကျောင်း အမေ၊ သူ့သမီး အေးမြကိုလည်း သတိရမိ၏။
ကြံကျောင်း မီးဖိုနား အသာတိုးကပ်၍ အေးစက်နေသော လက်ဖ၀ါးကလေးနှစ်ဖက်ကို မီးညွန့်နားကပ် ကာ အပူပေးလိုက်၏။ အပူငွေ့လေးများကြောင့် လူတစ်ကိုယ်လုံး ယခုမှပင် နေသာ၊ ထိုင်သာရှိသွားတော့သည်။
မီးအရှိန်သေပြန်တော့ အဘဖိုးစိန်က မကျီးမြစ်တုံး တစ်တုံးထပ်ယူလာကာ မီးဆိုင်ပြန်သည်။ မနေ့ ညနေက သူ လှဲကျင်းထားသော သစ်ရွက် အမှိုက်မျိုးစုံက တစ်ညလုံးကျထားသည့် ဆောင်းနှင်းစက်တွေကြောင့် ရွှဲရွှဲစိုနေပြီး မီးမစွဲချင်တော့။
အဘဖိုးစိန်ကို ကူပြီး ကြံကျောင်း မီးစွဲအောင် ဖင်ဘူးထောင်းထောင်၍ ကုန်းမှုတ်ရသည်။ ယခင်မီးစွဲလက်စ သစ်တုံးရှိသည့်အတွက် မီးက ရဲကနဲ... ရဲကနဲ ဖြစ်သွားသော်လည်း ခြောက်သွေ့သည့်လောင်စာ အကူမရှိ၍ မီးတောက် ဘ၀သို့ အလွယ်တကူ ပြောင်းမသွားသေးပေ။
အဘဖိုးစိန်က အိမ်တံစက်မြိတ်အောက်တွင် စုပုံထားသည့် ၀ါးတို၊ ၀ါးစ ကလေးများကို လိုက်ကောက်ပြီး မီးဖိုနား ပြန်လာသည်။
“ဟား..ဟား... ငါ့မြေး ... ဒါကြီးက ... ဘာကြီးပါလိမ့်..”
“ဟာဗျာ.... အဘ ကလည်း”
ကြံကျောင်း မီးကုန်းမှုတ်နေရာက အရှိုန်ပျက်သွားသည်။ အဘဖိုးစိန်က ကြံကျောင်း၏ ပေါင်ခွကြားကို လက်ဖြင့် အသာစမ်းလိုက်သောကြောင့် ဖြစ်၏။
“ဟား..ဟား.. လူလေး ဘောင်းဘီခွက ပြဲပြန်ပြီလား... မျောက်ရှံးအောင် ဆော့တဲ့ကောင်... တကဲတည်း”
ကြံကျောင်း အဘဖိုးစိန်ကို ရှုတည်တည် ပြန်ကြည့်ရင်း....
“ဘာမှန်းလည်း မသိဘူး အဘရာ.... လက်အေးကြီးနဲ့ “
ကြံကျောင်းစကားကြားတော့ အဘဖိုးစိန်က အူလှိုက်၊ သည်းလှိုက် ရယ်ပြန်သည်။
“မနက်မိုးလင်းရင်... အဘကို ခဏချွတ်ပေး... ပြန်ချုပ်ပေးမယ်... မင်း မရှက်ဘူးလား ... လူလေးရာ”
ကြံကျောင်း အဘဖိုးစိန်ကို ဘာမှ ပြန်ပြောမနေတော့ မီးစတောက်လာပြီဖြစ်တဲ့ မီးပုံကို ကျောပေးလို့ မီးလှုံ့နေလိုက်သည်။
×××××××××××××××××××××××××××××××××××

လမ်းဘေးတစ်ဖက်တစ်ချက်တွင် အလံများကို ၀ါးတိုင်ထောင်၍ လွင့်ထားသည်။ လူကြီး၊ လူရွယ်၊ လူငယ် ပေါင်းစုံဖြင့် တစ်လမ်းလုံး စည်စည်ကားကားရှိနေကြသည်ကတော့ အမှန်။ လမ်းထိပ်တွင် မြေဖြူဖြင့် စာရေးထား သည့် ဘလက်ဘုတ်အား ကုလားထိုင်တစ်လုံးကို နောက်မှီပြု၍ ခပ်ယိုင်ယိုင် ထောင်ထားသည်။ ရေးထားသည့် စာ များကို စာလုံးပေါင်းဖတ်ရမည် ဖြစ်သည့်အတွက် ခုအချိန် ကြံကျောင်း မဖတ်အားလိုက်။ ထို့ကြောင့် ဘာတွေ ရေးထားသည်ဆိုတာကိုလည်း မသိပေ။
လူအုပ်ကြားထဲ ယောင်ပေပေရပ်နေကြသည့် သူတို့ ကလေးအုပ်စု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသေး၊ ဆည်မြောင်းမှာ ငါးစမ်းနေတုန်း ဘီယာဗူး လာခေါ်လို့သာ သူတို့ အဖွဲ့တွေ ကသုတ်ကရိုက် ပါလာကြခြင်း ဖြစ်သည်။ ပေကျံနေသည့် ရွှံ့များကိုတောင် ပြောင်စင်အောင် မဆေးကြောခဲ့ရ၊ ဒီကိုရောက်တော့ ဘာမှန်းမသိ စည်ကားနေ သည်ကိုတော့ ကြံကျောင်း တွေ့နေရသည်။
“ခုတစ်ခါ... ယှဉ်ပြိုင်မယ့်... ပွဲကတော့ ခြေသုံးချောင်းထောက် ပန်းဝင် အပြေးပြိုင်ပွဲ ဖြစ်ပါတယ်.... ဟုတ်ကဲ့ခင်ဗျာ.... ဒီပြိုင်ပွဲကို ပါဝင်လိုကြတဲ့ ကလေးများ ကျွန်တော်တို့ရဲ့ ဟောဒီ ပြန်ကြားရေး စားပွဲခုံမှာ ကြိုတင်လာရောက် စာရင်းပေးနိုင်ပါတယ်..”
အသံချဲ့စက်က အသံကြားတော့ ဘီယာဗူးနှင့်၊ ဂျိုကာက ကြံကျောင်းလက် အတင်းဆွဲပြီး စာရင်းပေးရမည့် နေရာကို ပြေးသည်။ ဘုမသိ၊ ဘမသိဖြင့် ကြံကျောင်းကတော့ ခုအချိန်ထိ ဘာလုပ်ရမှန်းကို မသိသေး။
“ဦး... ကျွန်တော်တို့ .... ပြိုင်ချင်လို့... ပြိုင်လို့ ရမလား”
မိုက်ကလိုဖုန်း ကိုင်ထားသည့် မျက်မှန်နှင့် ဦးလေးကြီးက ကြံကျောင်းတို့ ကလေးအုပ်စုကို သေချာစိုက် ကြည့်လာသည်။
“မင်းတို့က... ဘယ်ကလဲ”
“ကန့်လန့်ကုန်း ...က”
ဘီယာဗူးက သွက်သွက်လက်လက်နှင့် ပြန်ဖြေသည်။ မျက်မှန်နှင့် ဦးလေးကြီး တစ်ချက်တော့ တွေကာ စဉ်းစားနေသေးသည်။ နောက် အနီးမှ ဖြတ်သွားသော အသက်ခပ်ကြီးကြီး ဘဘ တစ်ယောက်ကို တွေ့မှ ......
“ဥက္ကဌ... ဥက္ကဌ ဒီမှာ ... ကန့်လန့်ကုန်းက ကလေးတွေ ပြိုင်ပွဲ ၀င်ပြိုင်ချင်လို့တဲ့... ဒီလမ်းထဲက ကလေးတွေကိုပဲ ၀င်ပြိုင်ခိုင်းရမှာလား.... သူတို့ကိုပါ ၀င်ပြိုင်ခွင့်ပေးရမလား”
ဥက္ကဌဆိုသည့် အဘကြီးကလည်း မျက်မှန်တစ်ချက်ပင့်တင်ပြီး သူတို့ ကလေးအုပ်စုကို သေချာ ကြည့်ပြန် သည်။ ကြံကျောင်း သူ့ တံတောင်ဆစ်တွင် ကျန်ရှိနေသေးသော ရွှံ့များကို ထိုလူကြီးတွေ့သွားမှာ စိုးသည့်အတွက် လက်ကို ကျောနောက်သို့ ဖွတ်ထားလိုက်မိ၏။
သူ့ နဖူးမှာ ရွှံ့ကွက်ကြီး ရှိနေသည်ကိုတော့ ကြံကျောင်းမသိ။
“ပြိုင်ခိုင်းလိုက်ပါကွာ... ငါ့တို့ ရပ်ကွက်က .. ငါ့တို့ လမ်းက ကြီးမှူးကျင်းပတယ် ဆိုပေမယ့် ဘယ်ရပ်ကွက် .. ဘယ်လမ်းက ဖြစ်ဖြစ် ... ပြိုင်ချင်တဲ့ ကလေးရှိရင် ... ၀င်သာပြိုင်ခိုင်း စည်ကားသိုက်မြိုက်ဖို့က....အဓိက
“ကဲ ... ကဲ ... ကလေးတွေ နာမည်ပြော”
“ကျွန်တော်က ဘီယာဗူး... သူက ချက်စူ...သူက ကြံကျောင်း....”
“ဟေ့ကောင် ... ဒီအဖွဲ့မှာ မင်းက ဆရာကြီးလား... မင်းနာမည်ပဲ မင်းပြော.... ကျန်တဲ့ကောင်တွေ ကိုယ် နာမည် ကိုယ်ပြော”
ဦးလေးကြီး ဟောက်လိုက်လို့ ဘီယာဗူး အသံတိတ်သွားရ၏။ သူ့ကို ဟောက်သည့်အတွက် ကျေနပ်ပုံတော့ မပေါ်။
“ကျွန်တော့်နာမည်... ကြံကျောင်းပါ”
“နာမည်ရင်းပြောကွ....”
ကြံကျောင်းခေါင်းကုတ်မိသည်။ သူ့နာမည်ရင်းကို သူ ရုတ်တရက်မမှတ်မိ။ အမေပေးခဲ့သော နာမည် (နာမည်ရင်း) က ထွန်းမြတ်ထွဋ်လား၊ ထွဋ်မြတ်ထွဋ်လား .... ဟော သူ ခဏ စဉ်းစားပြီးမှ သတိရသည်။
“အော်... ဟိုဟာ... မောင်ထွဋ်မြတ်ထွဋ်”
“နောက်တစ်ယောက်... ပြော..”
“ချက်စူ”
“ဟေ့ကောင် ... နာမည်ရင်းလို့ ပြောနေတာ ... မင်း မကြားဘူးလား”
“မသိဘူး... မရှိဘူး ...ချက်စူ ပဲ ရှိတယ်”
“ဟာ ဒီကလေးတော့”
“ကဲ...ကဲ မြင့်ဆောင်... ဒီကလေးတွေနဲ့ မင်းနဲ့တော့ ဖြစ်မှာမဟုတ်ဘူး.... ပေး ပေး ငါ စာရင်းလုပ်ပေးမယ်”
အသားဖြူဖြူ ရုပ်ချောချော ဦးလေးကြီးတစ်ယောက်က မျက်မှန်နှင့် ဦးလေးကြီးနေရာ ၀င်လာသည်။ အလကားနေရင်း စိတ်တိုနေတတ်သော မျက်မှန်နှင့် ဦးလေးကြီးကို ကြံကျောင်းလည်း ကြည့်မရ ဖြစ်လာမိ၏။
“ကဲ ... သား နာမည်က...”
“ဂျိုကာပါ... နာမည်ရင်းက မောင်ဝေယံအာကာမိုး...”
“ဟာ ... ကောင်းလိုက်တဲ့ နာမည်ကွာ...”
ဗွက်ညီနံ တထောင်းထောင်း နေပူသတ်ထား၍ သံချေးရောင် အသားအရေဖြင့် လူကြီးစွယ်ကျယ် အင်္ကျီကို အပေါ် အောက် ၀မ်းဆက်ဝတ်ထားသည့် ဂျိုကာ၏ နာမည်ရင်းမှာ ဝေယံအာကာမိုး ဖြစ်နေသည့်အတွက် ပထမ စိတ်တိုတတ်သည့် ဦးလေးကြီးက နဘေးမှနေ၍ မဲ့ကာ၊ ရွဲ့ကာ၊ ခပ်ဟဟရယ်ကာဖြင့် ရှုတ်ချနေသေးသည်။
စာရင်းပေးပြီးသည်နှင့် ပြိုင်ပွဲဝင်မည့် ကလေးအယောက် (၂၀)ကို နှစ်ယောက်တစ်တွဲစီ တွဲခိုင်းသည်။ ချက် စူနှင့် ကြံကျောင်းက တွဲလျက်ကျ၏။ ပြီးလျှင် ချက်စူ၏ ညာဘက်ခြေထောက်နှင့် ကြံကျောင်း၏ ဘယ်ဘက်ခြေ ထောက်ကို ပုဆိုးစုတ်တစ်ထည်နှင့် ပူးချည်ပေးသည်။
စုစုပေါင်း အတွဲ (၁၀)တွဲ ဖြစ်၏။ ခြေထောက်လေးချောင်းကို သုံးချောင်းအဖြစ် တွဲချည်ထားပြီး ပန်းတိုင် ရောက်အောင် ပြေးရမည်ဖြစ်သည်။
“ဟေ့ကောင်... ကြံကျောင်း...ခြေထောက်တွေကို ၀စီ မှုတ်တာနဲ့ ညီညီညာညာလှမ်းပြီး ပြေးမယ်နော်... နောက်မကျစေနဲ့ ..”
“အေးပါဟ... မင်းသာ မကျန်ခဲ့စေနဲ့...”
ကြံကျောင်း ရှေ့တူရှုက ပန်းဝင်ရမည့် ဖဲကြိုးကို စိုက်ကြည့်ပြီး ၀စီ မှုတ်သံကို နားစွင့်နေလိုက်သည်။
“ရှီ.....”
စပြီ ကြံကျောင်း ချက်စူပခုံးကို ဖက်ပြီး ပြိုင်တူပြေးသည်။ ပထမ စည်းဝါး မကိုက်သည့်အတွက် လဲမလို ဖြစ်သွား၏။ ချက်စူက ကြံကျောင်း ပခုံးကို ပြန်ဖတ်ပြီး ထိန်းလိုက်ရသည်။ စ စ ချင်း လေးငါးလှမ်းမှာတင် ပြိုင်ပွဲဝင် သည့် အတွဲ (၃)တွဲလောက် လဲကျန်ခဲ့ကြသည်။
“ဟေး ... ပြေးထားကွ... ဟုတ်ပြီ... ပြေးထား.... မလဲစေနဲ့...”
ဝိုင်းအုံကြည့်နေကြသော လူအများက သူတို့ကို လက်ခုပ်၊ လက်ဝါးတီး၍ အားပေးနေကြသည်။ ကြံကျောင်း၊ ချက်စူပခုံးကို တစ်ချက် ဆုပ်ညစ်၍ အချက်ပေးသလိုလုပ်လိုက်သည်။ ပြေးသည့်အလျှင်ကို နှစ်ယောက်ပြိုင်တူ ထပ် မြှင့်လိုက်၏။ သူတို့နှင့် အတူ ချွန်ထွက်ပြီး ပါလာသည့်အတွဲက ဘီယာဗူးနှင့် ဂျိုကာ၊ ပန်းဝင်ကာနီးပြီ ကြံကျောင်းတို့ အတွဲနှင့် ဘီယာဗူးတို့ အတွဲ မျဉ်းတစ်ပြေးတည်း ဖြစ်နေကြသည်။
ပန်းဝင်ကာနီး (၃)လှမ်းအလိုလောက်တွင် ချက်စူဆီမှ (အွန့်) ကနဲ မြည်သံနှင့် ခြေလှမ်း ယိုင်ထွက်သွား၏။ သွားပြီ ပန်းဝင်ဖို့ ခြေတစ်လှမ်း နောက်ကျသွားပြီ။ ဘီယာဗူးတို့ အတွဲက ပထမရသွားသည်။ ကြံကျောင်းနှင့် ချက်စူ အတွဲက ဒုတိယ။
“တောက်.... ဘီယာဗူး ...ညစ်ပတ်တယ်...ငါကို ...တံတောင်နဲ့ တွတ်သွားတယ်ကွ”
ချက်စူက သူ့ နံကြားကို ပွတ်သပ်ပြီး ဘီယာဗူးကို မကျေမနပ်ပြောနေလေ၏။ ကြံကျောင်းကတော့ ဘာပဲ ဖြစ်ဖြစ် ဒုတိယဆုကို ချက်စူနှင့် အတူ တစ်ယောက် (၅၀၀)ကျပ်စီ ခွဲတန်းရသဖြင့် ပျော်နေမိသည်။
ဒုတိယ ပြိုင်ရမည့် ပြိုင်ပွဲက အာလူးကောက် လက်ဆင့်ကမ်း ပြိုင်ပွဲဖြစ်၏။ ဒီပြိုင်ပွဲက သုံးယောက်တစ်ဖွဲ့စီ တွဲပြီး ပြိုင်ရမည်ဖြစ်သည်။ ဒီတစ်ခါ ချက်စူ၊ ဘီယာဗူးနှင့် ကြံကျောင်းတို့ တွဲမိကြသည်။ ပထမ တာလွတ်မှာ တစ်ယောက်က အာလူးကောက်၍ ဒုတိယလူရှိသည့် နေရာသို့ ပြေးလာရမည်။ ထိုအာလူးကို ဒုတိယလူ လက်ထဲသို့ ထည့်ပြီးလျှင် ပထမလူ၏ တာဝန်ပြီးပြီ၊ ရရှိလာသော အာလူးနှင့်အတူ ဒုတိယလူက တတိယလူရှိရာသို့ ပြေးရဦးမည် တတိယလူ အာလူးရရှိကာမှ အာလူးနှင့်အတူ တတိယလူက ပန်းတိုင်သို့ ပြေးရမည် ဖြစ်သည်။
ဘီယာဗူးက ကြံကျောင်းကို ပထမလူ နေရာမှာ ထား၏။ ချက်စူကို ဒုတိယလူ၊ သူက နောက်ဆုံး ပန်းဝင်မည့် တတိယလူအဖြစ် နေရာယူသည်။
လက်ထဲမှာ ဆုပ်ကိုင်ထားသည့် ငွေစကလေးနှင့် ပရိတ်သက်တွေ၏ အားပေးသံက သူတို့ သုံးယောက်စလုံး ကို ခွန်အားတွေ တိုးပွားစေသည်။ ကျားကုတ်၊ ကျားခဲ ကြိုးစားလိုက်မည်ဟု ကြံကျောင်း အားတင်းထားလိုက်၏။
“ရှီ.....”
ဟော ခရာတွတ်ပြီ ကြံကျောင်း ခြေတစ်လှမ်း နောက်ကျမခံပဲ ရှေ့ခပ်လှမ်းလှမ်းမှာ ရှိသော အာလူးကို ပြေး ကောက်သည်။ အရှိုန်နှင့် ပြေးနေရာမှ စုံရပ်၍ အာလူးကောက်ရသည့်အတွက် အာလူးကောက်စဉ် အရှိုန်မထိန်းနိုင် ပဲ ကြံကျောင်း ရှေ့ကို ကျွမ်းထိုးမှောက်ခုံ ပစ်လဲသည်။ နာကျင်မူကို ဂရု မပြုအားပဲ လက်ဝါးထဲကို ပြန်ကြည့်တော့ အာလူးက ပါလာသည်။ လူးလဲထပြီး ဆက်ပြေးသည်၊ ချက်စူဆီ ရောက်တော့ အာလူးကို လက်ပြောင်းပေးလိုက်၏။ ချက်စူက တစ်ဆင့် ဘီယာဗူးဆီ အာလူးရောက်သွားပြီ ဘီယာဗူး မနားတမ်း ဆက်ပြေး၏။
ကြံကျောင်း ဘီယာဗူးကို ကြည့်ပြီး ရင်တထိတ်ထိတ် ခုန်နေသည်။ ဘီယာဗူးက သူတို့ထက် အပြေးမြန် သည်ကိုတော့ ကြံကျောင်းသိသည်။ ငှက်ပစ်ရင်း၊ သူတစ်ပါး ခြံထဲက အသီးအနှံခိုး၍ခူးစားရင်း လူကြီးသူမများက လိုက်လျှင် ဘီယာဗူးကို ဘယ်တုန်းကမှ ဖမ်းမမိခဲ့၊ သူတို့တွေသာ အဖမ်းခံရတာ များသည်။
ဟော ဘီယာဗူး ပန်းဝင်သွားပြီ၊ ပထမဆုရပြီ။ ကြံကျောင်းနှင့် ချက်စူ ထခုန်မိကြ၏။
“ဘီယာဗူးကွ.... ဘီယာဗူးကွ....”
ချက်စူက ဘီယာဗူး နာမည်ကို ပါးစပ်က ကြွေးကြော်ပြီး ကျွမ်းထိုးနေသေးသည်။ အစောပိုင်း သူ့ နံပြင်ကို တံတောင်နှင့်တွတ်ခဲ့သူမှာ ဘီယာဗူး မဟုတ်လေသည်ဟန်။
နောက်ထပ် ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲမှာလည်း ချက်စူက ပထမ၊ ဂျိုကာက ဒုတိယ၊ ကြံကျောင်းက တတိယ ရသည်။ ဘီယာဗူးကတော့ ပန်းဝင်ခါနီးမှ အခြားပြိုင်ပွဲဝင် ကလေးတစ်ဦးနှင့် တွန်းထိုး၊ တိုက်ထုတ် ရန်ဖြစ် နေသည့်အတွက် လူကြီးများက သူတို့ နှစ်ဦးစလုံးကို ပွဲပယ်လိုက်သည်။
လက်ထဲမှာ ကိုင်ထားသော (၅၀၀)တန် နှစ်ရွက်နှင့် (၁၀၀၀)တန် တစ်ရွက်ကို ကြံကျောင်း ဘယ်မှာ ထားရ မှန်းမသိ ဖြစ်နေလေ၏။ နောက်ထပ် ပြိုင်ပွဲတစ်ခုခု ၀င်ပြိုင်လျှင် ပြေးရင်း၊ လွှားရင်းထွက်ကျ၊ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေမိသည်။
“ဒီတစ်ခါ ဆက်လက်၍ ယှဉ်ပြိုင်မည် ပြိုင်ပွဲကတော့ စကောရွက် ပြိုင်ပွဲ ဖြစ်ပါတယ်... ယောင်္ကျားလေးတွေ မပါရပါဘူး.... မိန်းကလေးများ ပြိုင်ရမှာပါ....”
စကောရွက် ပြိုင်ပွဲကိုတော့ ကြံကျောင်းတို့ ဘေးကနေပြီး ရပ်ကြည့်အားပေးနေကြရသည်။ သူတို့ နားချိန် လည်းရသွား၏။
“ဟုတ်ကဲ့... ခု ဆက်လက်ပြီး ယှဉ်ပြိုင်မှာကတော့ မုန့်စား ပြိုင်ပွဲ ဖြစ်ပါတယ် ခင်ဗျား.... ကလေးတွေက လမ်း တစ်ဝက်မှာ အသင့်ရှိနေတဲ့ မုန့်များကို လမ်းတစ်ဝက်မှာပဲ ကုန်စင်အောင် စားရမှာ ဖြစ်ပါတယ်... စား လို့ ကုန်မှ ပန်းတိုင်ကို ၀င်ရမှာ ဖြစ်ပါတယ်”
ဒီပြိုင်ပွဲကိုတော့ ချက်စူတို့ ကြံကျောင်းတို့ အထူး သဘောကျမိ၏။ မုန့်လည်း စားရမည်။ အရင်ဦးဆုံး ပန်းဝင် လျှင်လည်း ဆုရဦးမည်။ ကြံကျောင်းတို့ အုပ်စု ရှေ့ဆုံးမှ နေ၍ ၀င်ရောက် တန်းစီလိုက်သည်။
“ဟေ့ကောင်တွေ ...ဒီပွဲ ...မင်းတို့ မပါနဲ့ဦး... မင်းတို့ချည်းပဲ ...ဆုတွေ ရနေတာ”
မျက်မှန်နှင့် စိတ်တိုလွယ်သည့် ဦးလေးကြီးက ကြံကျောင်းတို့ အဖွဲ့ကို ဆွဲထုတ်သည်။
“ဘာဖြစ်လို့ မပြိုင်ရမှာလဲ.... ကျွန်တော်တို့ကို ဥက္ကဌ ဆိုတဲ့ ဘဘကြီးက ၀င်ပြိုင်လို့ ပြောထားတာလေ”
ဦးလေးကြီးက ဘီယာဗူးက ခံပြောသည်။
“ငါ..တယ်..ဒီပေါက်လွတ်ပဲစားလေးက ငါ့ကိုများ ဥက္ကဌနဲ့ လာခြောက်နေသေးတယ်... သွား ...သွား... မပါရဘူးဆို ...မပါရဘူး”
ပြောပြောဆိုဆိုနှင့် သူတို့ အုပ်စုကို အပြင်သို့ တွန်းလွတ်ပြန်သည်။ ဘီယာဗူးကတော့ မကျေနပ်ဘူးဟု ဆို ကာ ဥက္ကဌဘဘကြီးကို သွားရှာပြီး တိုင်မည်ဟု ပြောသည်။ ဒီလိုနေရာမျိုးမှာ ဘီယာဗူး၏ သတ္တိက အားကိုးရ၏။ ကြံ ကျောင်းလည်း ခုမှ နဖူးက စပ်ဖျင်းဖျင်းဖြစ်လာသည်ကို သတိပြုမိ၏။ အသာစမ်းကြည့်လိုက်တော့ သွေးစ အနည်း ငယ်တွေ့သည်။ အာလူးကောက် ပြိုင်ပွဲတုန်းက လဲကျခဲ့သည်ကို ပြန်သတိရမိသည်။ ဘီယာဗူးတစ်ယောက် ဥက္ကဌ ဘဘကြီးနှင့် တွေ့မတွေ့တော့ မသိ၊ မုန့်စားပြိုင်ပွဲက သူတို့ ၀င်မပြိုင်လိုက်ရပဲ ပြီးသွားပြီ။
ထိုပြိုင်ပွဲ ပြီးလျှင်ပြီးချင်း နေလည်ထမင်းစားဖြုတ်ကြောင်း ကြေငြာချက် ထွက်လာသည့်အတွက် သူ့တို့အဖွဲ့ တွေ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်လိုက်ကြရလေတော့သည်။
×××××××××××××××××××××××××××××××××××××××××××

“အဲဒါ ....လွတ်လပ်ရေးနေ့ လို့ ခေါ်တယ် ငါ့မြေးရဲ့.... ဟိုတုန်းကတော့ မြို့နယ် အားကစားကွင်းကြီးမှာ တစ်မြို့လုံးက ရှိတဲ့သူတွေ စုပြီး ပြေးပွဲ... ပြိုင်ပွဲတွေ ချိမ့်ချိမ့်သဲ... ကျင်းပကြတာပေါ့.... ခုတော့ လုပ်နိုင်တဲ့ ရပ်ကွက်က လုပ်.... မလုပ်နိုင်တဲ့ ရပ်ကွက်က မလုပ်ဘူးပေါ့... မြေးရာ”
နဖူးက ဒါဏ်ရာကို အဘဖိုးစိန်က ကျပ်ထုပ် ထိုးပေးရင်းပြောလာသည်။ ဘာပွဲပဲဖြစ်ဖြစ် ကြံကျောင်းကတော့ ဆုကြေး ငွေ (၂၀၀၀) ရရှိလာသည့်အတွက် ပျော်မြူးနေသည်။
သူ ထမင်းစားတုန်း ကျပ်ထုပ် ထိုးပေးနေခြင်း ဖြစ်သည့်အတွက် အဘဖိုးစိန် ကျပ်ထုပ်ထိုးလိုက်တိုင်း ထမင်း လုပ်နှင့် ပါးစပ်က လွဲလွဲသွားသည်။
“တော်ပြီ.... အဘရာ... မထိုးနဲ့တော့ ... ဒါနဲ့ ...အဖေကော.. ထမင်းပြန်စားလား”
စားနေရင်းတန်းလန်းက ဖအေကို သတိတရ မေးလာသည့် မြေးကိုကြည့်ပြီး အဘဖိုးစိန် သူ့မြေးကို ဂရုဏသက်မိပြန်သည်။
“မင်း....အဖေက ဘယ်တုန်းက အိမ်ကို အချိန်မှန်မှန် ထမင်းပြန်စားဖူးလို့လဲ .... ဆိုက်ကားနင်းရသမျှ... အပြင်မှာ သောက်စား မူးရှုးနေမှာပေါ့.... ကိုယ့်ဝမ်း..ကိုယ်ကျောင်းနေတဲ့ တစ်ဘို့သမား...အင်း..မပြောတာ ပဲ ကောင်းပါတယ် မြေးရယ်”
အဘဖိုးစိန်က ကြံကျောင်းကို အဖြေပေးပြီး ပဲကွပ်ကလေးကိုင်ကာ ရက်လက်စ ၀ါးထရံကို ဆက်ရက်နေ လိုက်သည်။ ကြံကျောင်း သူ့အဘစကားကို သူ ဘာဘာညာညာ သိပ်မစဉ်းစားအား အစားကိုသာ အမြန်ဖြတ်ပြီး ငွေ (၂၀၀၀) အဘဖိုးစိန်ကို အပ်ကာ ပြန်ပြေးရမည်မို့ စိတ်လောနေမိသည်။
“အဘ...”
“အင်း...”
“အဲဒီ (၂၀၀၀)နဲ့ အဘနဲ့ ကျွန်တော် မနက်ဖြန် အနွေးထည်တွေ သွားရွေးရအောင်လား....”
“ငါ့မြေးက အနွေးထည်... လိုချင်တယ်ပေါ့”
“ညဘက်ကျ .... ချမ်းတယ် အဘရဲ့....”
“အေးပါကွာ....အေးပါ... အဘအတွက် မလိုပါဘူး.... ငါ့မြေးအတွက် အဘ သွားရွေးပြီး.. ၀ယ်ပေးမယ်”

×××××××××××××××××××××××××××××××××××××××××

နေ့လည်ဘက်မှာတော့ ကြံကျောင်းတို့ ကလေးများ သိပ်မပြိုင်ကြရတော့ပါ။ လူကြီးပွဲတွေ ဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘော ပြိုင်ပွဲ၊ ဂျပန်ဂိုးကျဉ်း ပြိုင်ပွဲများ ကျင်းပကြသည်။ တစ်ခုတော့ ရှိသည် ဥက္ကဌ ဘ ဘကြီး၏ ကောင်းမူဖြင့် အပ်ချည်ကြိုးထိုး အပြေးပြိုင်ပွဲကိုတော့ ၀င်ပြိုင်လိုက်ရသေးသည်။ ထိုပြိုင်ပွဲတွင် ကြံကျောင်း က နှစ်သိမ့်ဆုအဖြစ် (၅၀၀)ကျပ် ထပ်ရသည်။ ညနေ ၅ နာရီလောက်တွင်တော့
“( ) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်ပါ ကြောင်း ကြေငြာအပ်ပါသည် ခင်ဗျား..”
ဟု ဆိုကာ ပွဲပြီးသွားလေတော့၏။
ထပ်ရလာသော (၅၀၀)ကျပ်ကို ကြံကျောင်း ကျစ်ကျစ်ပါအောင် ဆုပ်လို့ အိမ်ပြန်လာခဲ့လိုက်သည်။ ကံမကောင်းချင်တော့ အိမ်ပေါက်ဝတွင် ဆီးပြီး စောင့်ကြိုနေသည့် သူ့အဖေ ကိုနတ်ကျော်နှင့် ပက်ပင်းသွားတိုး၏။
“ဟေ့ကောင်...မင်း မနက်က (၂၀၀၀) ရတယ်ဆို... ငါ့ကို ...ပေးစမ်း”
“ဟာဗျာ... အဖေနဲ့ ဘာဆိုင်လို့လဲ...ကျွန်တော်ဘာသာ... ပြိုင်လို့ ရလာတဲ့ ဟာကို”
“ဟေ့ကောင်.... သောက် စကားမများနဲ့ ...မင်း ကို ငါလုပ်ကျွေးနေတာ မဟုတ်လား....မင်း ပိုက်ဆံ နောက်နေ့ ပြန်ပေးမယ်... ခု အရေးကြီးလို့ ... ပေးစမ်း”
ကြံကျောင်း စိတ်အတော် ညစ်သွားမိသည် ဆက်ပြီး တင်းခံနေလျှင် နာရင်းအအုပ်ခံရတော့မည်။ ထို့ကြောင့် အဘထံမှာ အပ်ထားသော ပိုက်ဆံကို တောင်း၍ သူ့ အဖေကို ဆောင့်ဆောင့် အောင့်အောင့်နှင့် ပေးလိုက်သည်။ ဘီယာဗူး အဖေ့ကို ချွန်လိုက်တာ ဖြစ်မည်ဟုလည်း သူ အတပ်သိလိုက်၏။ ကြိုးစား၊ ပမ်းစားရလာသော ပိုက်ဆံ လေးကို နှမျှောနေမိသည်။ ခုညနေရလာသည့် ပိုက်ဆံ ငါးရာကိုတော့ သူ့အဖေမမြင်အောင် သူ ဖွတ်လိုက်နိုင်၏။
“မင်း အချိုးတွေပြင်နော်...ကြံကျောင်း... မင်း ဘယ်သူ့ အားကိုးနဲ့ ငါ့ကို ...အာခံချင်နေတာလဲ... ဟွန်း ငါ လုပ်လိုက်ရ...”
သူ့အဖေနှုတ်မှ လုပ်လိုက်ရဟု ပြောသော်လည်း လက်ကတော့ ကြံကျောင်းကိုယ်ပေါ်သို့ တစ်ချက်ရောက် သွားသေးသည်။ အဘဖိုးစိန်ကတော့ သမက်နှင့် မြေးဖြစ်သူကြား ၀င်မပါချင်သည့်ဟန် ၀ါးထရံများကို နေရာတကျ ထပ်၍ စုပုံနေလိုက်သည်။
“ဘယ်သူ့ အားကိုးနဲ့” ဟူသော သမက်၏ ပြောစကားမှာ သူ့ကို စောင်းမြောင်းပြောမှန်း အဘဖိုးစိန် သိ၏။ မြေးလေး၏ ပိုက်ဆံ (၂၀၀၀) မရှိတော့ သော်လည်း မနက်ဖြန် ၀ါးထရံရက်ခဖိုး တောင်းလို့ရလျှင်တော့ မြေးလေးဖို့ အနွေးထည် ကောင်းကောင်းလေးတစ်ထည် ၀ယ်ပေးရမည်ဟု မှန်းထားလိုက်သည်။
ကံဆိုး အကြောင်းမလှစွာ မိခင်ရင်ငွေ့ မခိုလှုံ့ခဲ့ရသော မြေးလေး၊ အဖိုးအေ ၀ယ်ပေးသည့် အနွေးထည် ရင်ငွေ့လေးကိုတော့ ခိုလှုံ့ခွင့်ရစေချင်သည်။
ခုညလည်း ဆောင်းအချမ်းက ပီပီပြင်ပြင် သရုပ်ပြပေလိမ့်ဦးမည်။ ယခုတောင် အအေးဓါတ်က စိမ့်စိမ့်တက် လာပြီ မဟုတ်လား။

××××××××××××××××××××××××××××××××××××

“စောသေးတယ် မြေးရဲ့.... အိပ်ဦးပေါ့”
“ချမ်းတယ် အဘရ... နဖူးက အနာကလည်း နာတယ်.. အဘ မီးမဖိုသေးဘူးလား”
“ဖိုနေပြီ မြေး.... မီးစွဲတော့မယ်... ခဏလေးစောင့်”
ကြံကျောင်း လွှာချင်းစောင်လေးကို ခန္ဓာကိုယ်နှင့် ထွေးပက်ပြီး ကပို့ကရိုနှင့်ပင် အဘဖိုးစိန်ဖိုနေသော မီးဖိုနဘေးသို့ ၀င်ထိုင်လိုက်၏။ ၀ါးကလေးများကို စုပုံပြီး မီးမှုတ်လိုက်သည့်အတွက် မီးတောက်ကလေးများ ထွက်လာသည်။ အဘဖိုးစိန်က မကျီးမြစ်တုံးတစ်တုံး သွားမလာပြန်သည်။ ထိုမကျီးမြစ်တုံးကို မီးစွဲသွားလျှင်တော့ မီးကျီးခဲနှင့်ပင် အပူဓါတ် အတော်လေး အားကောင်းလာမည် ထင်၏။ ခုတော့ ခိုက်ခိုက်တုန်အောင် ချမ်းနေသေးသည်။
“ဒီနေ့ ... ဘယ်လမ်းမှာ ...လွတ်လပ်ရေး လုပ်ဦးမလဲ မသိဘူးနော် အဘ”
“ကွယ် ... လူလေးရဲ့ လွတ်လပ်ရေးက တစ်နှစ်မှ တစ်ခါပဲ လုပ်ရတာလေ....”
ကြံကျောင်း အဘဖိုးစိန်ကို သေချာပြန်ကြည့်မိလိုက်၏။
“နေ့တိုင်း.... လုပ်လို့ မရဘူးလားအဘရာ...မနေ့က လွတ်လပ်ရေးက ...ကျွန်တော်မှာ အနွေးထည် တစ်ထည်တောင် မရလိုက်ဘူးရယ်.... ဒီနေ့ လွတ်လပ်ရေး ဆိုရင် အဆင်ပြေပြီ ...အဘရ”
ကြံကျောင်းအပြောကို အဘဖိုးစိန်က သဘောတကျနှင့် တဟားဟား အော်ရယ်သည်။ ကြံကျောင်းက ကျိတ်မနိုင် ခဲမရ တစ်ခွန်း ငြီးတွားလိုက်သေး၏။
“တောက်.....နေ့တိုင်းသာ.... လွတ်လပ်ရေး ရလို့ကတော့ကွာ......”
လောင်စာကုန်သွားသည့် အတွက် တောက်မည့်မီးခဲများကတော့ လေအဝှေ့မှာ ရဲခနဲ...ရဲခနဲ ....။ ။

မှူးဆက်ပိုင် (ရွှေတောင်)
4.1.2013 (04း02 PM)

(ဒီတွင် ... "ဒို့ .. အမျိုးဇာနည် ... ပီပါပေသည်" စာမူ ပြီးပါဘီ)

Monday, October 29, 2012

မျှားခြင်း

မျှားခြင်း

မိန်းမလှ ရေခပ်ဆင်းချိန်ဟာ
မှောင်လို့ ....
မည်းလို့.....
မကြာမှီ ပြိုကျတော့မယ့်
ခရမ်းမီးကျောက် ထိခတ်သံတွေနဲ့
ကား ကနဲ့ပဲ ပါလာမလား
အဲဒီ ပိုးသတ်ထားတဲ့ စိတ်တွေ
လက်နက်အပြည့်အစုံ ခင်းကျင်းလို့
မြုပ်ချီ ပေါ်ချီ ဖော့တုံးလေးပေါ်မှာ
ဝန်ချီစိတ်တွေ လေးလံထိုင်းမှိုင်း
ငါးပွတ်အိုင်ဟာ
ယခင်လို ပြုံးတုံ့တုံ့ အမှုအယာနဲ့ပါပဲ
ရမ္မဆန်ဆန်
ညွှတ်ကိုင်းကို တူးဖော်တိုင်း
မျှားချိတ်မှာ
အိပ်မက်တွေသာ ယီးလေးခိုတုန်း။ ။

မှူးဆက်ပိုင်(ရွှေတောင်)

Tuesday, September 18, 2012

ကျောကပ်မှားသည့် မိတ္ထူ PDF Print E-mail
Written by မှူးဆက်ပိုင်   
Thursday, 30 August 2012 11:24

“မင်း ရူးနေလား” ဒီစကားက သူ ဒီရက်ပိုင်း အတွင်း ကြားနေရသည့် စကား။ သူနှင့် အရင်းနှီးဆုံး ကျွမ်းဝင် ပတ်သက်ကြသည့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတိုင်းက သည်စကားနှင့် အဓိပ္ပာယ်တူသော စကားမျိုး ပြောပြီး သူ့လုပ်ရပ်ကို အပြစ်တင် ရှုတ်ချကြသည်။

“မင်း ရူးနေလား”တဲ့။ လူဆိုသည် တစ်ယောက်တစ်မျိုး ရူးနေကြသည့် သတ္တ၀ါတွေပင်။ အချို့က ငွေကြောင့် ငွေနောက်ကို အရူး အမူးလိုက်ရင်း၊ အချို့က ဂုဏ်အရှိန်အ၀ါ ကြောင့် ရာထူး၊  ရာခံနောက် အရူးအမူးလိုက်ရင်း တစ်နေရာ မဟုတ် တစ်နေရာတော့ မလုပ်သင့် မလုပ်အပ်ရာကို အရူးတစ်ယောက်နှင့်မခြား လူမသိ၊ သူမသိ အရူးကွက် နင်းကြသည်ပဲ မဟုတ်လား။

တစ်ခုပဲ ကွာသည်။ အများက အရူးဟု သတ်မှတ် ထားသူတို့က လူအများရှေ့ မှာပင် ပြောင်ပြောင်တင်းတင်း စိတ်အရှိကို စိတ်အရှိအတိုင်း ပြုမူ လုပ်ကိုင်ကြပြီး မိမိကိုယ်ကို လူကောင်းဟု သတ်မှတ် ထား သူတို့က လူမသိ၊ သူ မသိ အရူး လုပ်ရပ်ကို ဖုံး ကွယ်ရင်း ရူးကြသည်။ ဒါပဲ ကွာသည်။

ကျွန်တော့် လုပ်ရပ်ကို “ရူးနေလား”ဟု ပြောသူများ သည် မိမိကိုယ်ကို ရူးနေ ကြောင်း မသိရှိ၊ မသုံးသပ် တတ်သေး သူများပင်။ ဒါ ကြောင့် ထိုအပြောမျိုး ပြော လာသူများကို ကျွန်တော် မတုန်မလှုပ် ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်နေနိုင်ခဲ့သည်။

အကောင်းယောင် ဆောင်ပြီး အရာရာသင့်မသင့်၊ ရာမရာရာ ချင့်ချိန် တွေဝေနေ ရသည်ကို ကျွန်တော် ငြီးငွေ့ လှပြီ။ သဘောသကာယ ပြည့်ဝကြောင်း ရင်ကော့ပြရ၊ ဦးညွတ် ဒူးထောက်ပြရသည်ကို စိတ်ကုန်ပြီ။ စိတ်ထား ဖြူ စင်ကြောင်း ရေပေါ် အရုပ်ရေး ပြရသည်ကို ခါးသီးလှပြီ။ ထို့ကြောင့် တကယ ရူးနေသူ များ၏ စိတ်၏ လွတ်လပ်မှု၊ ကိုယ်၏ လွတ်လပ်မှုတို့ကို မိတ္တူကူးယူချင်မိ၏။

ပြောပါစေ။ ကျွန်တော့်ကို ဒီထက်ခံပြင်း ဆိုးရွားလွန်းသည့် စကားလုံးတို့နှင့် ပစ်ပေါက်လည်း ကျွန်တော် ကတော့ ခပ်ပြုံးပြုံး နေတတ် ပြီ။ ကျွန်တော် ကိုယ်တိုင်က ရူးချင်နေမှတော့ ကျန်ဘာကို  မူနေစရာ လိုမည်နည်း။
“မင်း ရူးနေလား နေ လင်း၊ အရူး သုံးယောက်ကို ရေဒီယို တစ်ယောက်တစ်လုံး ၀ယ်ပေး ရလောက်အောင် မင်း ရူးနေတာလား”

အရူးများကို ရေဒီယို ၀ယ်မပေးရဟု ဥပဒေ ထုတ်ထားသည်တော့ ရှိမည်မထင်။ အကြားအာရုံ ခံစားနိုင်သူတိုင်း ရေဒီယို နားထောင်နိုင်သည် ပဲ။

“မင်းဟာက ကျွဲပါး စောင်းတီး ပြတာနဲ့ အတူတူ ပဲ၊ မင်း ဘာစိတ်ကူးနဲ့ ဘာတွေ လျှောက်လုပ် နေတာလဲ။ နောက်ပြီး မနက်တိုင်း အဲဒီ အရူးသုံးယောက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ဆိုတာက ရော ဘာအဓိပ္ပာယ်လဲ၊ မင်း ဘာကို အရွဲ့တိုက်နေတာလဲ မင်းကွာ”

ကျွန်တော်ကတော့ ကျွဲကို စောင်းတီးပြရုံတင် မဟုတ်။ ဖြစ်နိုင်မည် ဆိုလျှင် DJ ပါ ပွတ်ပြချင်သေးသည်။ လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိ၊ မဖြစ်သေးတာပဲ ရှိသည်ဟု ပညာရှိတို့ မိန့်ဆို ဖူးခဲ့သည်ပဲ။ ဟော ခုကြည့် ကျွန်တော့် အပေါင်းအဖော် အရူး သုံးယောက်က မနက် တိုင်း လက်ဖက်ရည်ဆိုင် ထိုင် ပြီး လက်ဖက်ရည် သောက် တတ်လာကြပြီ။

ခု လက်ရှိ လူကောင်း တွေနှင့်မခြား ကျွန်တော် ၀ယ်ပေးသော ရေဒီယိုလေး၏ ကျေးဇူးကြောင့် ကမ္ဘာ့အရေး၊ နိုင်ငံအရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အရေးတွေကို ကပေါက်တိ၊ ကပေါက် ချာ ပါဝင်ဆွေးနွေးတတ်လာ ပြီ။ ဒါ ကျွဲက စောင်းသံကို သတိပြုမိလာခြင်းပဲ မဟုတ်လား။

“နင် နောက်ကျတယ်။ ငါတို့က လက်ဖက်ရည် တောင် သောက်ပြီးသွားပြီ”

ဆိုင်ထဲ ၀င်ဝင်ချင်း ဆီးကြို နှုတ်ဆက်လိုက်သည့် ဆရာချို့ အသံကြောင့် ကျွန်တော် ၎င်းတို့စားသောက် ထားသည့် အခြေအနေကို တစ်ချက် အကဲ ခတ်လိုက်သည်။ အားပါး လက်ဖက် ရည်က တစ်ယောက်ကို ၂ ခွက်၊ နံထောကတစ်ယောက် ၁ ပွဲစီ။ ဒါအပြင် အင်္ဂလိပ်ကြီးက စီးကရက် ၁ ပွဲမှာပြီး တစ်လိပ်တောင်ခဲထားလိုက် သေးသည်။ မောင်လူအေးက တော့ လက်ဖက်ရည် ၂ ခွက် သောက်မထား၊ နံထော ၁ ပွဲတော့ စားထားသည်။

အင်း ဒီ ဆရာချို၊ အင်္ဂ လိပ်ကြီး၊ မောင်လူအေး ဆိုသည်တို့က ကျွန်တော့်လက်
သစ် မိတ်ကောင်းဆွေကောင်း အရူးသုံးဖော်ပဲ ဖြစ်သည်။

သုံးယောက်လုံးက ကျွန်တော် စိတ်တိုင်းကျ ရွေး ချယ်ထားသည့် ယဉ်ယဉ် လေးနှင့် ရူးနေသူများပင် ဖြစ် ၏။ ဆရာချိုက သူ့ကိုယ်သူ ကမ္ဘာကျော်ဓာတ်ပုံပညာရှင် ကင်မရာမန်းဟု အထင်ရှိနေ သူ။ သူ့ဓာတ်ပုံပညာကို ယှဉ် နိုင်သူ၊ တုနိုင်သူ မရှိသေးဟု အမြဲတမ်း ကြွေးကြော်နေတတ် သူ။ သူ့လည်ပင်းမှာတော့ ဗီဒီယို တိတ်ခွေ အစုတ်တစ်ခု ကို ပီနံကြိုးဖြင့်ချည်ကာ အမြဲ ချိတ်ဆွဲထားတတ်၏။ သူ့ အမြင်မှာတော့ ထိုဗီဒီယို တိတ် ခွေသည် ဗီဒီယိုခွေမဟုတ်။ ဈေးအမြင့်ဆုံး နောက်ဆုံးပေါ် မော်ဒယ်လ် ကင်မရာ တစ်လုံးပင် ဖြစ်သည်။

ဆရာချိုသည် ရူးနေပေ မင့် အရူးက တစ်မူးသာသည် ဟု ပြောရမည်။ သူက မြန်မာ မူကို ဖော်ထုတ်ချင်ပါသတဲ့။ ရွှေတောင်မြို့သား စစ်စစ်မို့ ရွှေ တောင်မြို့ကို ကမ္ဘာသိအောင် ပြချင်ပြန်သတဲ့။ ထိုအချက် များကြောင့်ပင် ဆရာချိုအား ကျွန်တော် အပေါင်းအသင်း အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

နောက်တစ်ယောက်က အင်္ဂလိပ်ကြီးဟု အများက ခေါ်သော ဆံပင်ရှည်ရှည်တွန့် တွန့် ဖွာလန်ကြဲနှင့် နွေ၊ မိုး၊ ဆောင်း ဆယ့်နှစ်ရာသီမရွေး တစ်ထည်တည်းသော ဂျင်း ဘောင်းဘီနှင့် တီရှပ်အင်္ကျီကို အမြဲဝတ်ဆင်တတ်သူ။ သူ့ကိုတော့ မယားရူးဟု ပြောရ မည်လား မသိ။ မိန်းမသေ၍ ရူးသွားသည်ဟု သိရသည်။ မိန်းမမြင်လျှင် နည်းနည်းတော့ လက်ရဲဇက်ရဲနိုင် သည်။ နထ နှင့် ပတ်သက် လာလျှင် မမောနိုင်၊ မပန်းနိုင် အာပေါင်အာရင်းသန်သန်ဖြင့် ပြောတတ်၏။ အင်္ဂလိပ်ကြီး က ဘွဲ့ရ ပညာတတ်တစ် ယောက်တော့ ဖြစ်ခဲ့ဟန်ရှိ၏။ သူ စကားပြောလျှင် အင်္ဂလိပ် စကား မပါဘဲ မပြော။

ခေတ်အမြင်ရှိသည်ဟု ယူဆသောကြောင့် ထိုအင်္ဂ လိပ်ကြီးကိုလည်း ကျွန်တော့် အပေါင်းအသင်း အဖြစ် ကျေကျေနပ်နပ် ရွေးချယ်မိ ပြန်သည်။

နောက်ဆုံး တစ်ယောက် က မောင်လူအေးပင် ဖြစ် သည်။ မောင်လူအေးကိုတော့ အများခေါ်သည့်နာမည် အတိ အကျ မရှိ၊ အချို့က မောင်လူ အေးကို“ဘောက်...ဘောက်” ဟုခေါ်သည်။ မောင်လူအေး က အမြဲတမ်း သူ၏ အောက် နှုတ်ခမ်းကို အပေါ်နှုတ်ခမ်း ဖြင့် ဖိအုပ်၍ “ဘောက်... ဘောက်”ဟု မကြာခဏ ပြု လုပ်တတ်သည်။ ဒါကို အစွဲ ပြုပြီး ခေါ်ဟန်ရှိ၏။ အချို့က လည်း “ကျော်ကြီး”ဟု ခေါ် ကြပြန်သည်။ မောင်လူအေး က ကုန်းကမူအမြင့်တစ်ခုခု သို့မဟုတ် နည်းနည်းမြင့် သော သစ်ငုတ် စသည့်အနိမ့် အမြင့် မညီတာတွေ့လျှင် အမြင့်ပေါ်တက်၍ အနိမ့်ပိုင်း သို့ “တစ်၊ နှစ်၊ သုံး”နှုတ်မှ ရေတွက်ကာ ခုန်ခုန်ချတတ် သည်။ ထို့ကြောင့် “ကျော် ကြီး”ဟုလည်း ၀ိသေသ ပြု ကြပြန်၏။ နောက်နာမည် တစ်ခုကတော့“ကောင်းဘွိုင်” ဖြစ်သည်။ မောင်လူအေးက ကောင်းဘွိုင်ဦးထုပ် အမြဲဆောင်း ထားတတ်သည်လေ။

ကျွန်တော်ကတော့ပင် ကိုအေးသော မောင်လူအေး ကို သူနှင့် လိုက်ဖက်အောင် “မောင်လူအေး”ဟုပင် အမည် ပေးလိုက်သည်။ မောင်လူ အေးက တစ်နေ့လုံးနေလို့ စကားတစ်ခွန်း ဆိုခဲသည်။ သူ့ကိုကြည့်လိုက်လျှင် တစ် နေရာရာတွင် ကျောက်ချ ငုတ် တုတ်ထိုင်၊ ပါးစပ်က တ ဘောက်ဘောက်လုပ်၊ ညာ လက်က မေးစေ့ရှိ မုတ်ဆိတ် မွေးတိုနံ့နံ့ကို ပွတ်သပ်နေ မည်။ နောက်ပြီး ၁၅ မိနစ် ခြားတစ်ခါ ဒါမှမဟုတ် သူ သဘောတကျ ရှိလျှင် ပြုံးဖြီး ဖြီးဖြစ်လာပြီး ပညာရှိဟန် ခေါင်း တဆတ်ဆတ် လုပ် ချင်လုပ်မည်။ ဒါပဲဖြစ်၏။ ဒါ ကြောင့် မောင်လူအေးကိုတော့ ဘာအရူးဟု အခြားဝိသေသ တတ်ပြီး မပြောနိုင်ကြ၊ ရူး တော့ ရူးနေသည်ပဲပေါ့။

မောင်လူအေးကို အပေါင်းအသင်းအဖြစ် ရွေး ချယ်ရခြင်းမှာ ကျွန်တော့်စိတ် အထင် မောင်လူအေးသည် အတွေးအခေါ် ပညာရှင်ကြီး ဆော့ခရတ္တိ၏ ဟန်ပန်မျိုးဖြစ် နိုင်သည်ဟု ယူဆသော ကြောင့် ဖြစ်သည်။ ဆော့ ခရတ္တိသည်လည်း မောင်လူ အေးဟန်အတိုင်းသာ ရှိလိမ့် မည်ဟု ကျွန်တော် ယုံကြည် သည်။ အရှင်းဆုံးပြောရလျှင် ပညာရှိတို့၏ အမူအကျင့် လက္ခဏာရှိသောကြောင့် မောင်လူအေးကို ရွေးချယ်ခဲ့ ခြင်း ဖြစ်၏။

“ငါ ညက အယ်နီညိုနဲ့ တွေ့ခဲ့တယ်ကွ”

ကျွန်တော့် မိတ်ဆွေများ ကဒါပဲဖြစ်သည်။ ကျွန်တော် ရောက်သည်နှင့် စကားဝိုင်း ကို ၎င်းတို့က စ၍ဦးတည်လာ ကြ၏။ တစ်ခုပဲ ရှိသည် မောင်လူအေးကတော့ အမြဲတမ်း ခေါင်းညိတ်၊ ခေါင်းခါ လောက်သာ ၀င်ရောက်ဆွေး နွေးတတ်သည်။ ယနေ့ထိ စကားတစ်ခွန်းမှ မဟသေး။

“အင်း လုပ်စမ်းပါဦး ဆရာချို၊ အယ်နီညိုနဲ့တွေ့ တော့”

“အာ တွေ့တော့... ဘယ်ရမလဲ။ ငါ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ယူထားလိုက်တာ ပေါ့”

ဆရာချိုက သူ့လည်ပင်းတွင် ချိတ်ဆွဲထားသော ကင်မရာ တစ်ဖြစ်လဲ ဗီဒီယို တိတ်ခွေအစုတ်ကို ချွတ်ယူပြီး ကျွန်တော့်အား ကမ်းပေးသည်။
“အဲဒီမှာ နင်ကြည့်လေ၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေ တဲ့ကောင်၊ ငါ မှတ်တမ်းဓာတ်ပုံ ရိုက်လာခဲ့တာ”

ဆရာချိုပြသော ကင် မရာအား ကျွန်တော်က စိတ် ၀င်တစားကြည့်ရှုဟန်ပြရင်း
“ဟာ ဟုတ်လှချည် လား ဆရာချိုရာ၊ အယ်နီညို က နှုတ်ခမ်းမွေးကားကား ကြီးနဲ့ ခံ့ချောကြီး”

“ဘာ နင် မဟုတ်တာ မပြောနဲ့၊ အယ်နီညိုက နှုတ်ခမ်းမွေး ပါရမှလား၊ နင်ရေဒီ ယို နားမထောင်ဘူးလား၊ အယ်နီညိုက မိန်းမမှ မိန်းမ စစ်စစ်ကွာ”

ဆရာချိုစကားကြောင့် ကျွန်တော်တောင် မှင်တက် သွားပြီး ငုံထားသော လက် ဖက်ရည်များ မသီးအောင် အမြန်မျိုချပစ်လိုက်ရ၏။
“No...No U Say လက်မခံဘူး ဆရာချို၊ အယ် နီညိုဟာ ဘယ်လိုမှ Female မဖြစ်နိုင်ပါဘူး၊  U မိန်းမ အကြောင်း ဘယ်လောက်သိ လို့လဲ”

ဆရာချိုအပြောကို အင်္ဂ လိပ်ကြီးက ၀င်ငြင်းသည်။ မိန်းမနှင့် ပတ်သက်လာ၍ ၀င်ပြောလာခြင်း ဖြစ်နိုင်၏။
“ဟေ့ကောင် သောက် ရူး၊ နင်မသိရင် ဘာမှ လာ မပြောနဲ့ အသာနေစမ်း”   

“ဘာကွ U ကများ I ကို အရူးတဲ့။ U ကမှ အရူး ကွ။ ဗီဒီယိုတိတ်ခွေစုတ်ကြီး ကင်မရာလုပ်နေတဲ့ အရူး”

ဒေါသတကြီး မတ် တတ်ထရပ်ပြီး အော်လိုက် သည့် အင်္ဂလိပ်ကြီးအသံ ကြောင့် ကျွန်တော်တောင် လန့်သွားသည်။
“ကဲ အင်္ဂလိပ်ကြီး ပြန် ထိုင်စမ်း၊ မင်းတို့ ဘယ်သူမှ မရူးပါဘူးကွာ၊ အလကား ပြန်ထိုင်စမ်း”

ကျွန်တော့် စကားကြားတော့ နှစ်ယောက်စလုံးက ငြိမ်သွားကြသည်။ ငြိမ်ရမည် ပေါ့။ ကျွန်တော်က သူတို့ကို လက်ဖက်ရည် အမြဲ တိုက်နေသည်ကိုတော့ ဒင်းတို့က သိ နေကြသည်။ ရူးပေမဲ့ ဒီအရူး တွေက ပါးလိုက်သည်မှ ရွှေတောင်စက္ကူ အရှုံးပေးရ လောက်သည်။
“အင်း ကိုယ့်အတတ်နဲ့ ကိုယ်တော့ ပြန်စူးနေပြီဟေ့၊ အလုပ်မရှိ အလုပ်ရှာ၊ ကြောင် မ ရေချိုးဆိုတာ ဒါကို ပြောတာကွ”

နောက်ဘက်ဝိုင်းမှ မကြားတကြား သြဘာပေး သံတွေတော့ ရှိလာကြပြီ။ ဒီလိုပါပဲ မနက်တိုင်း ကျွန်တော်တို့ ၀ိုင်းကို စိတ်ဝင် တစား လာလာအကဲခတ် ကြည့်ရှုကြသည့် သူတွေ ခုဆို အတော်လေးတောင် များနေ ပြီ။ လက်ဖက်ရည်ဆိုင်လေး က အရင်ထက် ပိုစည်ကား သည်ကတော့ အမှန်။

ဒါတောင် လက်ဖက်ရည် ဆိုင်ပိုင်ရှင်အား ကျွန်တော့် စိတ်ကူးကို ပြောပြပြီး  ထိုင်ဖို့ ခွင့် တောင်းတုန်းက ဆိုင်ရှင်သည် အလို မကျဟန် ဖြင့် အင်တင်တင် ရှိနေခဲ့သေးသည်။
“အရူးတွေ ဆိုင်ခေါ်လာ တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အရူးဆိုတာ တိရစ္ဆာန်တစ် ကောင်နဲ့ ဘာမှ မခြားလှဘူး။ ခု ကောင်းနေ၊ ငြိမ်နေပေမဲ့ နောက် မုန်ယိုတဲ့ ဆင်တစ် ကောင်လို၊ အစာငမ်းတဲ့ ကျား တစ်ကောင်လို ထသောင်း ကျန်းချင် သောင်းကျန်းတတ် တာ။ ဒီလိုတွေ ဖြစ်လာရင် တော့ မောင်ရင်ပဲ တာဝန်ယူ မယ်လို့ အာမခံရင် ခွင့်ပြုပါ တယ်၊ ထိုင်ပါ”တဲ့။

ခုတော့ နေ့စဉ်ပြပွဲတစ် ခုလို ဖြစ်နေပြီး တစ်ရက် ထက်တစ်ရက် ပိုပိုစည်ကား လာခြင်းကြောင့် ဆိုင်ရှင်၏ ဟန်ပန်က သူ ပြောခဲ့သည့် စကားတို့အား မေ့လို့၊ ပျော် ပျော်ပြုံးပြုံး၊ ပြုံးပြုံးပျော်ပျော် ဖြစ်နေလေပြီ။
ခုနောက်ပိုင်း ကျွန်တော့် ကို ကြည့်သည့် လူအများ၏ အကြည့်များသည်လည်း အရူးတစ်ယောက်ကို ကြည့် သည့်အကြည့်မျိုး၊ အမြင်မျိုး ဖြစ်ဖြစ်လာကြသည်။

“ဟလို အရူးဥက္ကဋ္ဌကြီး  ဘယ်လိုလဲဗျ၊ အရူးတွေ ထိန်းကျောင်းရတာ အဆင်ပြေရဲ့ မဟုတ်လား”

ဟိုအရင်တုန်းက နှစ် ကိုယ်တစ်စိတ် ရင်းနှီးခဲ၊ ခင်မင်ခဲသူတို့၏ နှုတ်ခွန်း ဆက်ခြင်း စကားများ။
“ဟေ့ နေလင်း...စိတ် ရောဂါကု ဆေးရုံဖွင့် မလို့ဆို၊ ခု စိတ်ရောဂါအကြောင်း လေ့ လာနေတယ်ဆိုလားလို့... ဟုတ်လား”

ဒါက သူငယ်ချင်းမ အချို့၏ ပြုံးတုံ့တုံ့ မျက်နှာ ပေးဖြင့် နောက်ပြောင်သည့် စကား။
ကျွန်တော်ကတော့ ဘယ်သူတွေ ဘယ်ဝါကျ၊ ဘယ်အဓိပ္ပာယ်ဖြင့်ပင် ပြော ပြော၊ ယခင်လို ခပ်ပြုံးပြုံး မတုန်မလှုပ် အမူအရာဖြင့်ပင် ဖြစ်၏။ ကြာတော့ လေ စောင်းဘယ်လောက်ထက် ထက် သူတို့တိုက်နေသည်မှာ ရေစောင်း မဟုတ်ဘဲ ကျောက် စောင်းမှန်း သိသွားကြသည်။ ပြောရသည်မှာ မောသွား၍ ခဏ အနား ယူနေခြင်းလည်း ဖြစ်နိုင်သည်။ အသံတွေ သိပ်မကြားရတော့ပေ။

နောက်တစ်ကြိမ် ပြန်  ပြန်ကြားရလျှင်တော့ ကျွန် တော် ဘာစကားပဲ ကြားရ ကြားရ တစ်ခုခုတုံ့ပြန်နိုင်ဖို့ ကျွန်တော် စဉ်းစားထားမိ သည်။ အခြားတော့ မဟုတ်။ သူတို့ကို ခပ်ပြုံးပြုံးကြည့်ရင်း မောင်လူအေး စတိုင်လ်ဖြင့် “ဘောက်...ဘောက်”ဟု အသံထွက်ပြလိုက်မည်။ ကဲ ဒင်းတို့ ဘယ်လိုများ ခံစား ကြရမည်နည်း သိချင်စမ်းပါ ဘိ။

“သား မင်း ဘာတွေ လျှောက်လုပ် နေတာလဲ၊ အမေ မင်းစိတ်ကို နားမလည်တော့ ဘူး သားရယ်၊ ပြီးတော့ တစ် ခုခုဖြစ်လာမှာကိုလည်း ကြောက်လာမိတယ်”

အမေ ပြောလာသည့် စကားနှင့် အမေ့ ဟန်ပန်ကြောင့် သည်တစ်ခါတော့ ကျွန်တော် နည်းနည်း တုန်လှုပ်သွားသည်။ ကိုယ်လေးစား တန်ဖိုးထားရ သည့် မွေးမိခင် မဟုတ်ပါ လား။
“အမေက ကျွန်တော့်ကို စိတ်မနှံ့တော့ဘူးလို့ ထင်လာ တာမျိုးလား အမေ”

“အမေ မထင်ရက်ပါဘူး သားရယ်၊ ဒါပေမဲ့ အဲဒီလို ဖြစ်လာတော့မှာလား၊ ဖြစ်လာမလားဆိုပြီး တွေး ကြောက်နေမိတယ်”

ကျွန်တော် အမေ့ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ပွေ့ဖက် ပစ်လိုက်သည်။

“ကျွန်တော် ဘာမှ မဖြစ်ပါဘူး အမေရယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော် စိတ်ပညာရပ် တစ်ခုကို လေ့လာ နေတယ်လို့ ပဲ အမေ သဘောထားနော် အမေ”

အမေက ကျွန်တော့်ဆို အမြဲတမ်း ယုံကြည်သည်။ အမေ ယုံကြည်မှုရအောင် လည်း ကျွန်တော်က အမြဲနေ ပြခဲ့သည်။ အမေ ခုလိုပြော လာသည်က အကြောင်းရှိ သည်။ ကျွန်တော့်မိတ်ဆွေ ကောင်းဖြစ်သည့် အင်္ဂလိပ် ကြီးတစ်ယောက် ကျွန်တော့် အိမ်ကို ပေါက်ချလာသည်။ ပထမတော့ အတင့်ရဲလာ သည့် အင်္ဂလိပ်ကြီးကို နည်း နည်းတော့ တင်းသွားမိသည်။ နောက်သတိထားမိ လိုက်သည်က အင်္ဂလိပ်ကြီး သည် စိတ်သွားတိုင်း ကိုယ် ပါသည့် အရူး မဟုတ်လား။ သူ့မှာ ဘာဟန်ဆောင်မှုမှ မရှိ ဟု ယူဆ၍ ကျွန်တော် ပေါင်း သင်းခဲ့သည့် အရူးပေပဲ။ သူ့ စိတ်ထဲ ပေါ်လာရင် ကျွန်တော့် အိမ်မှမဟုတ် နိုင်ငံတော်သမ္မတ အိမ်ပင်ဖြစ်ပါစေ ၀င်၊ ထွက် ခွင့်ရှိက ၀င်မည်၊ ထွက်မည် ပင်။

ထို့ကြောင့် ကျွန်တော် အင်္ဂလိပ်ကြီးကို ပျာပျာသလဲလဲ ဆီးကြို၍ အိမ်ထဲ ခေါ်လာလိုက်သည်။ အမေက ကျွန်တော်နှင့် အင်္ဂလိပ်ကြီး၏ အခြေအနေကို အသာအကဲ ခတ်နေသည်။

အင်္ဂလိပ်ကြီးက ဧည့်ခန်း တစ်ခုလုံးကို နေရာ အနှံ့ အသေးစိတ် လိုက်ကြည့်သည်။ သူ စိတ်ဝင်စားသည့် ပစ္စည်း တစ်ခုခုတွေ့လျှင် ကောက်ယူကြည့်သည်။ ပြီး နေရာတကျ ပြန်ထားသည်။ သူ စိတ်အ၀င်စားဆုံးသော အရာမှာ ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများ ဖြစ်၏။

ပန်းချီကားများက ဗန် ဂိုး၏ နာမည်ကြီး ပန်းချီကားများ ဖြစ်သည်။ ပန်းချီဆရာ ကိုအောင်ကိုမှ တစ်ဆင့် ကျွန်တော် ရယူထားခြင်း ဖြစ် ၏။ အမှန်တော့ ပန်းချီကား စစ်စစ်များမဟုတ်၊ ကွန်ပျူတာ ပညာဖြင့် ပြန်လည်ကူး ယူထားသည့် ပုံတူ၊ ပုံပွား ပန်းချီဓာတ်ပုံများသာ ဖြစ် သည်။

“ဘယ်လိုလဲ အင်္ဂလိပ် ကြီးရဲ့ ကြည့်လှချည်လား၊ အဲဒီ ပန်းချီဆရာကိုကော သိလို့လား”

ကျွန်တော်၏ ခပ်ပြုံးပြုံး အမူအရာဖြင့် မေးသော စကားကိုကြားတော့ အင်္ဂလိပ် ကြီးက ရှုတည်တည် မျက်နှာ ဖြင့် ကျွန်တော့်ကို ပြန်စိုက် ကြည့်သည်။ နောက်ပန်းချီ ကားများဘက် ပြန်လှည့်သွား ပြီး သေချာ ထပ်ကြည့်ပြန် သည်။

“ U က I ကို အထင် သေးတာပဲ။ ဒါ နာမည်ကြီး ပန်းချီဆရာ ဗန်းဆင့်ဗန်ဂိုးရဲ့  ဆိုက်ပရက်ပင်တွေနဲ့ လမ်းဆိုတဲ့ ပန်းချီကား မဟုတ်လား”

ကျွန်တော် ပါးစပ် အဟောင်းသားပွင့်သွားမိ သည်။ အင်္ဂလိပ်ကြီး သိနိုင် လိမ့်မည်ဟု လုံးဝကို ထင် မှတ်မထား။ ဒါထက် သူရူး တစ်ယောက်က ပို၍ပင် သိ မည်မဟုတ်ဟု ထင်မိခဲ့ သည်။
ကျွန်တော် အင်္ဂလိပ်ကြီး ကို မယုံနိုင်စွာ၊ ထိတ်လန့် အံ့သြစွာဖြင့် ငေးကြည့်နေမိ တော့ အင်္ဂလိပ်ကြီးက တည် ငြိမ်သောမျက်ဝန်းများဖြင့် ကျွန်တော့်ကို ပြုံးစစပြန်ကြည့် နေတာ တွေ့ရလေ၏။
အင်း အင်္ဂလိပ်ကြီး၏ မျက်ဝန်း အဓိပ္ပာယ်များကို ကျွန်တော် ဘာသာပြန်တတ် အောင် ကြိုးစားရဦးမည်။

“ဘာ ဆရာချို...ဘာ ပြောတယ်”

“ဟုတ်တယ်၊ အင်္ဂလိပ် ကြီးကို နောက် လက်ဖက် ရည် ခေါ်မတိုက်နဲ့။ ဒီကောင် က သူများမိန်းမ ကြာခိုတဲ့ ကြာကူလီကောင်ပဲ”

“တော်တော့ ဆရာချို တော်တော့၊ အင်္ဂလိပ်ကြီး အကြောင်းကို ခင်ဗျား အင်္ဂ လိပ်ကြီး နောက်ကွယ်မှာ ပြော စရာ မလိုဘူး၊ ကျွန်တော် မကြိုက်ဘူးဗျာ”

ဆရာချို ငြိမ်သွား သည်။ ကျွန်တော် တစ်စုံတစ် ရာကို သေသေချာချာ စဉ်း စားဖို့ လိုပြီဟု ထင်၏။ ဆရာ ချိုသည် အရူးတစ်ယောက် ဖြစ်၏။ အင်္ဂလိပ်ကြီးကို မကျေနပ်လျှင် အင်္ဂလိပ်ကြီး ရှေ့မှာပင် ပြောင်ပြောင်တင်း တင်း ချဲလင်း ခေါ်ရဲသည့် သတ္တိ ဆရာချိုတွင် ရှိကိုရှိရ မည်။ အရူး တစ်ယောက်မှန်လျှင် လက်သီးပုန်းမထိုး တတ်ဟု ယူဆထားသည့် ကျွန်တော့်နိယာမတွေ မှားများ နေပြီလား။ ဒီဒဿနကို သက်သေပြဖို့ ကျွန်တော် လျှောက်လှမ်းနေသည့်လမ်း တို့ မှားများ မှားနေကြပြီလား။ ခု ဆရာချို လုပ်ပုံက လူကောင်းတစ်ယောက်နှင့် မခြား၊ ကောက်ကျစ်ယုတ်မာ လွန်းသည်။ နောက်ကျောကို  ဓားဖြင့် ထိုးခြင်းဖြစ်၏။

ဒါဆိုလျှင် ကျွန်တော့် စိတ်ကူး၊ ကျွန်တော့် ဒဿန၊ ကျွန်တော့်သီအိုရီတွေ မြောင်း ထဲ ရောက်ကုန်သည်နှင့် ဘာ များခြားနားမည်နည်း။

ထိုနေ့က ဆရာချိုကို ကျွန်တော် မောင်းထုတ်ပစ် လိုက်မိသည်။ မောင်လူအေး ကို ကြည့်လိုက်တော့ မောင် လူအေးက ထူးထူးခြားခြား ကျွန်တော့်ကို စိုက်ကြည့်နေ လေသည်။ တစ်စုံတစ်ခုကို တွေးနေဟန်လည်း ပေါ်၏။

“မောင်လူအေး မင်း ဘယ်လိုမြင်လဲ။ ဆရာချိုနဲ့ အင်္ဂလိပ်ကြီးကို”

ကျွန်တော်မေးမှ မောင် လူအေးက နှုတ်ခမ်းတို့ လှုပ် ရှားလာပြီး “ဘောက်... ဘောက်”ဟု အသံပြုသည်။ နောက်မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ မောင်လူအေးဆီက တစ်စုံ တစ်ရာ ကြားရတော့မည့် အထင်ဖြင့် ကျွန်တော် ငံ့လင့် နေမိသည်။ သို့ပေမဲ့ မောင် လူအေးက ခေါင်းကို ဘယ်၊ ညာ ယမ်းခါပြီး ထထွက် သွားသည်။

ထိုထက် ဆိုးဝါးသည့် က ဆရာချို မရှိသည့်နောက် ပိုင်း အင်္ဂလိပ်ကြီးကလည်း  ဆရာချိုနည်းတူ လက်သီး ပုန်းဖြင့် တိုက်ခိုက်ပြန်သည်။ ကျွန်တော့်ဒေါသတွေ ဆူဝေ သွား၏။ တစ်လောကလုံးနှင့်  ဆန့်ကျင်၍ တည်ဆောက် ထားသည့် ကျွန်တော့်အိပ် မက်၊ ကျွန်တော့်အတွေးအခေါ်  အယူအဆတွေ အားလုံးသဲထဲ ရေသွန် ဖြစ်ကုန်သည်။ အင်္ဂလိပ်ကြီးကိုလည်း ဆွဲ မထိုးမိရုံတမယ် မောင်းထုတ် မိပြန်သည်။

စိတ်ပျက်အားလျော့စွာ ဖြင့် နောက်ရက်များ၌ ကျွန်တော် အိမ်ထဲက အိမ်ပြင် မထွက်တော့။ အဖြူထည်ဟု သတ်မှတ်ထားသည့် အရူး တွေ၌ပင် အရောင်အစွန်း အထင်းက ရှိနေတတ်သည် လား။ ကျွန်တော့်သီအိုရီတွေ မှားလိမ့်မည်ဟု ဒီအခြေအနေ  ရောက်သည့်တိုင် လက်မခံ ချင်သေး။ တစ်စုံတစ်ခုသော အဖြေကိုတော့ ကျွန်တော် အတိအကျ ရရန် ဖော်ထုတ် ချင်ပါသေးသည်။ အဖြေ သည် တစ်နေရာမဟုတ် တစ် နေရာတွင်တော့ ရှိကို ရှိနေလိမ့် မည်ဟု ယုံကြည်မိ၏။

စိတ်နည်းနည်း ပြန်လည် ကြည်လင်လာသော တစ်နေ့မှာတော့ ကျွန်တော် ခြံ ထဲဆင်းလာလိုက်သည်။ ခြံ ထောင့်ရှိ စံပယ်ရုံ သုံးရုံအား ရေလောင်းချင်စိတ်ပေါ်လာ ပြန်သဖြင့် ဘာလီပုံးဖြင့် ရေ ဆွဲကာ ရေလောင်းလိုက်၏။

အိမ်ပေါက်ဝတွင်တော့ အမေက ရင်ဘတ်ဖိ၍ မျက် လုံးအပြူးသားဖြင့် ကျွန်တော့် ကို ထိတ်လန့်တကြားငေး ကြည့်နေလေသည်။ အမေ ဘာကိုများ ထိတ်လန့်သွားပါ လိမ့်။ ကျွန်တော် ပတ်ဝန်း ကျင်ကို ဟိုဟိုဒီဒီ လှည့် ကြည့်အကဲခတ်လိုက်တော့ မောင်လူအေးကို တွေ့ရ သည်။ မောင်လူအေးက ကျွန်တော့်ကို ကျေကျေနပ်နပ် ၀မ်းသာအားရဖြင့် ပြုံးပြုံးကြီး စိုက်ကြည့်နေလေ၏။ ဘာကို ကျေနပ်နေပါသနည်း။ အမေ သည်လည်း ဘာကိုထိတ် လန့်နေပါသနည်း။ ကျွန် တော် ဘာတစ်ခုမှ မစဉ်းစား တတ်။ ထိုစဉ် ဘယ်တုန်း ကမှ စကားဟဟ မပြောဖူး သော မောင်လူအေးက ကျွန်တော့်ကို “မင်း သောက် ရူးပဲ”ဟု အသံဝါကြီးဖြင့် လှမ်းအော် ပြောလိုက်သည်။

အဲဒီ တဒင်္ဂ အချိန် ခဏ လေးအတွင်းမှာပဲ ကျွန်တော် အရာ အားလုံးကို နားလည် သွားသည်။ ကျွန်တော် လိုချင်သည့် အဖြေကို အရှင်းဆုံး တွေ့မြင်လိုက်ရသည်။

ဝမ်းသာ ရွှင်မြူးစိတ် ဖြင့် ကျွန်တော် လက်သီး လက်မောင်းတန်း၍ အိမ်ပေါ် ပြေးတက်လာလိုက်၏။ အပြင်မှာတော့ နံနက်က တည်းက သည်းကြီးမည်း ကြီး ရွာနေသည့်မိုးက ခုထိ မတိတ်သေး။
ကမ္ဘာကြီး ပို၍ တိမ်း စောင်းလာသည့်နှင့်အမျှ ရာသီဥတုတွေက တဖြည်း ဖြည်း ပိုမိုဆိုးရွားစွာ ဖောက် ပြန်နေကြသည်ပဲ မဟုတ် လား။
မှူးဆက်ပိုင်၊ရွှေတောင်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
 
  • Thiha Kyaw
    “မင်း ရူးနေလား”တဲ့။ လူဆိုသည် တစ်ယောက်တစ်မျိုး ရူးနေကြသည့် သတ္တ၀ါတွေပင်။ အချို့က ငွေကြောင့် ငွေနောက်ကို အရူး အမူးလိုက်ရင်း၊ အချို့က ဂုဏ်အရှိန်အ၀ါ ကြောင့် ရာထူး၊ ရာခံနောက် အရူးအမူးလိုက်ရင်း တစ်နေရာ မဟုတ် တစ်နေရာတော့ မလုပ်သင့် မလုပ်အပ်ရာကို အရူးတစ်ယောက်နှင့်မခြား လူမသိ၊ သူမသိ အရူးကွက် နင်းကြသည်ပဲ မဟုတ်လား။.
     
  • Chit Myo Minn Htun · Mandalay University
    အရမ်း ကြိုက်နှစ်သက်မိတယ်ဗျာ...။ နော်ပီးတော့လည်း လူတွေနဲ့ ပတ်သက်ပြီး တွေးစရာ တွေ အများကြီးလည်း ရလိုက်တယ်ဗျ...။.

Sunday, May 6, 2012

ချစ်ခင်လေးစားရပါသော ဆရာ၊ ဆရာမများ ဖတ်ရူရန် ရည်ရွယ်ပါသည် ချစ်သော မျက်စိဖြင့် ဖတ်ရူကြ ပါကုန်…………

Wall Photos

    
Type any name to tag:
Type any name
Tag Photo
Click on the photo to start tagging. Done Tagging
Drag the corners of the transparent box above to crop this photo into your profile picture. Done Cropping | Cancel

ချစ်ခင်လေးစားရပါသော ဆရာ၊ ဆရာမများ ဖတ်ရူရန် ရည်ရွယ်ပါသည် ချစ်သော မျက်စိဖြင့် ဖတ်ရူကြ ပါကုန်…………
ရွှေအမြု သပြေနု နှစ်တစ်ရာတိုင်စေ တောင်းဆုပြု

(1)
ယခုနှစ်ရွှေအမြုတေစာပေဆုပေးပွဲသည် ယခင်နှစ်များကထက်ပင် ပို၍ စည်ကားနေလေသည်။ အခမ်း အနားသို့တက်ရောက်လာသော ဆရာမင်းဝေဟင်အနီး၌ သတင်း ထောက်များ၊ ရုပ်သံမီဒီယာ သမားများ ၀ိုင်းအုံ နေကြလေ၏။
“ဆရာ …ခု ဆရာရဲ့ပွဲတက် ဖက်ရှင်ကအဆန်းပါလား ဆရာ ….ဘယ်လို အိုင်ဒီယာရလို့ ခုလို … ပြင်ဆင် လာရတာ လဲ ..ဆရာ ”
ဆရာမင်းဝေဟင်သည် သူ၏ပွဲတက်ဖက်ရှင်အား သတင်းထောက်တို့ စိတ်ဝင်းစားမှုရှိနေခြင်းအပေါ် များစွာ ကျေနပ်မိလေ၏။ ပထမအကြိမ်ရွှေဆုပေးပွဲ အခမ်းအနားမှစ၍ တိုက်ပုံနှင့်ပုဆိုးကို အမြဲဆင်မြန်းကာ ပွဲတက်ရ သည်ကို သူ့အနေဖြင့်ရိုးအီလာပြီဖြစ်၏။ ထို့ကြောင့် ယခုနှစ်တွင်တော့ ဆန်းသစ်သောအိုင်ဒီယာဖြင့် ဖက်ရှင် ဆန်ဆန် ၀တ်စားပြင်ဆင်လာခြင်းဖြစ်သည်။
ယခု နောက်ပိုင်းဆရာမင်းဝေဟင်သည် စာပေအရေးအသားကိုလည်း ဆန်းသစ်သထက် ဆန်းသစ်အောင် ဖန်တီးလာသူဖြစ်၏။ သူ၏ “ပုံရိပ်စစ်တို့၏ သင်္ကေတများ” ၀တ္ထုသည် အတွေးရော၊ အရေးပါဆန်းသစ်ထားသော ၀တ္ထုဖြစ်သည်။ နိမိတ်ပုံသင်္ကေတများဖြင့် ယက်ဖောက်၍ အနုပညာအားကောင်းကောင်းဖြင့် ဖန်တီးထာခြင်း ဖြစ်သောကြောင့် “ကလေးတောင်ညို စာပေဆု” ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသူ လည်းဖြစ်သည်။
“ခု ကျွန်တော်…၀တ်စားလာတာတွေက အကြောင်းမဲ့…ဖက်ရှင်ဆန်ဆန်ဝတ်လာတာမဟုတ်ပါဘူး…. ကျွန်တော့်အင်္ကျီမှာ အ၀ါရောင်ရယ်၊ အနက်ရောင်ရယ်၊ အဖြူရောင်ရယ်ကို လိုက်ဖက်အောင် တွဲစပ်ပြီး ထည့်ထားပါတယ်”
“ဟုတ်ကဲ့…. အဒီအရောင်တွေက အဓိပါယ်တစ်ခုခုများ သက်ရောက်နေသလား ဆရာ”
“အာ ဒါပေါ့..ဒါပေါ့ သိပ်အဓိပါယ်ရှိတာပေါ့…ဒီမှာ…အ၀ါရောင်က “အ၀ါရောင်ရင်ခွင်”၊ အနက်ရောင်က “အနက်ရောင်များ၏ ဈာပန”၊ အဖြူရောင်က “အဖြူရောင်ကြက်ခြေခတ်”များပေါ့ ဗျာ…”
“ဟာ ကောင်းလိုက်တဲ့စိတ်ကူးဆရာရယ် …. ဆရာရဲ့ဝတ္ထုတွေကို ကိုယ်စားပြုထားတာဘဲ…”
ဆရာ မင်းဝေဟင်သည် သတင်းသမားတို့၏ ချီးမွန်းထောပနာပြုသံများအကြား မိန့်မိန့် ကြီး ပြုံးနေလေ၏။
“ဒါနဲ့ဆရာ ဆရာလည်ပင်းကကြိုးနဲ့ဖေါက်ပြီးဆွဲလာတဲ့ ရေသန့်ဗူးခွံ (3)ဗူးကကောဆရာ“
ဆရာမင်းဝေဟင် နည်းနည်းတော့ကျွဲမြီးတိုသွား၏ မေးလာသောသတင်းထောက်အား စာပေနှံစပ်မှု ဒီလောက်မှ မရှိရလေကောင်းလားဟုသော အကြည့်ဖြစ် ခပ်တင်းတင်းကြည့်ပစ်လိုက်သည်။ ထို့နောက် …
“ဒါ…. ကျွန်တော့် ဘ၀ရဲ့မှတ်တိုင်တစ်ခုဗျ….တန်ဖိုးမဖြတ်နိုင်တဲ့ အရာ၊ မနှစ်က “အခွံကလေး တွေ” ၀တ္ထုနဲ့ ရွှေစာပေဆုချီးမြှင့်ခံခဲရတာ…. ဒါတောင် မသိဘူးလားဗျာ”

(2)
စာရေးဆရာမ ဝေ(စီးပွားရေး တက္ကသိုလ်) သည် ယခုနှစ်ရွှေအမြုတေ စာပေဆုပေးပွဲကို နှစ် ကြိမ်မြောက် တက်ရောက်ခြင်းဖြစ်လေသည်။ ပထမနှစ်တုန်းက မျက်စိသူငယ်၊ နားသူငယ်ဖြင့်တက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင်တော့ အတွေ့အကြုံကြီးရင့်သော စစ်သူကြီးတစ်ယောက်ပမာ ရင်ကော့၊ ခေါင်းမော့၍ ခင်ပွန်းဖြစ်သူ ကဗျာဆရာ ဆရာသစ်ခတ်အိမ်အား ရွှေလက်တွဲကာ ကြွားးကြွား ၀ံ့ဝံ့ လျှောက်လှမ်းလာလေသည်။
ဆရာမ ဝေ၏ အပြင်အဆင်အလှအပမှာ မြင်သူငေးလောက်၏။ ဆရာနှင့်ဆရာမ ရှေ့သွားနောက်လိုက် ည်ီလိုက်တာဟုသော ချီးမွန်းထောပနာသံများမှာလည်း ဟိုမှ၊ ဒီမှ တီးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ကြားနေ ရသည်။ ဆရာမတို့ စုံတွဲကို ယခုလို မြင်သူတိုင်းငေးလောက်အောင် ပြင်ဆင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ယနေ့ခေတ် နာမည်ကြီးနေသော ဒီဇိုင်နာ ခင်စန်းဝင်းဖြစ်ကြောင်း ကိုတော့ ဆရာနှင့် ဆရာမတို့မှ လွဲ၍ ကျန်မည်သူမျှ မသိရှိ ကြပါ။
ခင်စန်းဝင်းကို ငှား၍ အလှပြင်မည်ဟု ဆရာမ အဆိုပြုလာသောအခါ ဆရာသစ်ခက်အိမ်သည် အနည်း ငယ်တော့ ရင်ထိတ်သွား၏။ ငှားရမည့်ကုန်ကျစရိတ်ကို တွေးမိသောကြောင့် ဖြစ်သည်။ ထိုကြောင့် ချစ်ဇနီးချော အား ချော့၍တစ်မျိုး၊ ချောက်၍ တဖုံ နည်းအမျိုးမျိုးဖြင့် တားကြည့်သေးသည်။ သို့သော် …
“ကိုရယ်…တစ်နှစ်မှ တစ်ခါဘဲ…ရွှေပွဲဆိုတာကို တက်ရတာပါ … ဆရာရဲ့ မွေးနေ့ကို ဂုဏ်ပြုရတာဆိုလည်း မမှားပါဘူး….စာပေ အကယ်ဒမီပွဲဆိုလည်း ဟုတ်တယ်၊….ဘာလဲ ကိုက ဝေ့ကို ညိုငြင်တာလား….ကဲ ပြော …ပြောလေ”
ထိုသို့ ဆရာမ တစ်ချက်နှုတ်ခမ်းစူလျှင်ဘဲ ဆရာ ဘယ်လိုပင် “သိုင်းကွက်” နင်းခဲ့၊ နင်းခဲ့ ဆရာမ၏ အပြော လေးတစ်ချက်မှာ နောက်ဆုံး လဲကျ ပျော်ဝင်သွားခဲ့ရလေ၏။
ဆရာမ ယခုလို ခင်စန်းဝင်းနှင့် ပြင်လိုသည်မှာ အကြောင်းရှိပါသည်။ ဆရာမသည် ဖေ့ဘွတ်ပေါ်တွင် သူမ၏ ဟိုးယခင် ဆယ်စုနှစ်များက အလှဓါတ်ပုံ အမျိုးမျိုးကို တင်ထားသည်။ ထို အလှဓါတ်ပုံများ၏အောက်တွင် ဆရာမ၏ မိတ်ဆွေများ၊ ဆရာမ၏ စာဖတ်ပရိတ်သတ်များမှ နေ၍ comment များ သူ့ထက်ငါ အပြိုင်အဆိုင် ရေးခဲ့ကြသည်။ ထိုစာသားများတွင် ဆရာမအား“သင်္ကြန်မိုးရုပ်ရှင်ကား”ထဲမှ ခင်သန်းနုနှင့်တူသည်ဟု၍ လည်းကောင်း၊ မေသန်းနုနှင့် တူသည်ဟု၍ လည်းကောင်း ချီးမွန်းထားကြသောကြောင့် ယခုလို့ ခင်စန်းဝင်းနှင့် အလှပြင်ဖြစ်ခြင်း ဖြစ်သည်။
သို့သော် ဆရာမသတိမထားမိလိုက်သည်မှာ ထိုသို့ comment ရေးသူများအနက်များသောအားဖြင့် ဆရာမအား ချီးမွန်းထားသူများမှာ ဆရာမ၏ဆိုင်၌ နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ်တိုင်တိုင် ဆရာမ တည်ခင်း ဧည့်ခံ သော စားသောက်ဖွယ် အချို့ကို ဆရာမပီတိမျက်ရည်ကျလောက်သည့် အထိ အားပေးဖူးသူများပင် ဖြစ်ကြ၏။
“ဟယ်…ဝေ လှလိုက်တာကွယ်..ကြည့်စမ်း…ကြည့်စမ်း….တကယ့်ကို မေသန်းနု အငယ်စားလေးပါလား”
“အမယ်….မဖြူကတော့ လုပ်ပြီကွယ်….ဝေ့ ကိုဘဲ မြှောက်နေ….မဖြူလည်း ဒီနေ့အရမ်းကိုလှပြီး အမြင်ဆန်း နေပါလား…မှန်း ဒါကြီးက ဘာပါလိမ့်”
ဆရာမ အဖြူရောင်(ရွှေ)သည် ဆရာမ ဝေ၏ စကားကြောင့် မပြုံးတုံ့သည်၊ ပြုံးတုံ့သည် ပြုံးလိုက်၏။ (ထိုအပြုံးအား စာမဖွဲ့တက်ပါ ဆရာမနှင့် ကြုံမှ ပြုံးပြ ခိုင်းကြပါကုန်) ဟုတ်သည် ဆရာမ အဖြူရောင်သည် ရွှေပွဲသို့ တက်ရောက်ရန်အတွက် အ၀တ်ဗီဒိုကြီး (5) လုံးမှ အ၀တ်များ ကုန်စင်သည့် အထိ မွေနှောက်ရှာဖွေသော်လည်း စိတ်တိုင်းကျလောက်သည့်အ၀တ်တစ်စုံ၊ တစ်ထည်ကိုမျှ မတွေရ၍ စိတ်မော၊ လူမော ဖြစ်နေသည်။ ထိုစဉ် ဆရာမ၏ ရင်နှင့်သည်းချာ သားတော်မောင် နှစ်ယောက်သည် မိခင်၏ အဖြစ်အား ကြိုတင်သိမြင်နေသည့်အလား။ သူတို့၏ မေမေရွှေပွဲတက်လျှင် ၀တ်ရန်ဟု ရည်ရွယ်လျက် ကြိုတင် မှာကြား ချုပ်လုပ်ထားသော ၀တ်စုံအား ထုတ်ပေး ကြလေသည်။
သားတော်မောင် နှစ်ယောက်၏ အမျှော်အမြင်ရှိမူအား ဆရာမသည် ပီတိဝေဖြာလျက် ကမ်းလင့်လာသော ၀တ်စုံကို ဖြန့်ကြည့်လိုက်မိ၏။ ဗုဒေါ … အင်္ကျီ မှာ အဖြူရောင် ဒါရိုက် ၀မ်းဆက် ဖြစ်သည်။ ကျောတွင် အတောင်ပံ တစ်စုံပါသည်။ ဥပမာပေးရလျှင် ဖြူဖြူကျော်သိန်း ၀တ်ဆင်လေ့ရှိ သော အင်္ကျီမျိုးဖြစ်၏။
“သားတို့ရယ် …. အင်္ကျီက လှတော့ လှပါရဲ့ … ဒါပေမယ့် နောက်မှာ အတောက်ပံကြီး ဘာလို့ ထည့်ထား ရတာလဲ”
“သားတို့က မေမေ့ကို ကလောင်နာမည်နဲ့ လိုက်အောင်အဖြူရောင်နဲ့ ချုပ်ခိုင်းတာလေ …ပြီးတော့ အဆိုတော် ဖြူဖြူကျော်သိန်းကို သားတို့ ကြိုက်လို့ အဲဒီလို အတောင်ပံနဲ့ ချုပ်ပေးပါလို့ စက်ဆိုင်ကို ဖုန်းနဲ့ လှမ်းမှာလိုက်တာ …. ဒါပဲနော် သားတို့ ပေးတဲ့ အင်္ကျီိကိုပဲ ၀တ်ရမယ် .. သိဘူး …သိဘူး”
ဆရာမခင်ဗျာ အတော်လေးအကြပ်ရိုက်သွားလေသည်။ သားလေးနှစ်ယောက်က ကြိုတင်ပြင်ဆင်ပေးထား သည့် စေတနာကို မဖျက်စီးလိုပါ၊ ဒီအသက်အရွယ်နှင့် ကလေးကလား ဖြစ်နေမှာလည်းစိုးရိမ်နှင့် မကြံတက်အောင် ဖြစ်နေလေသည်။ ထိုပြင် ကလေးနှစ်ယောက်မှာ သူမ မ၀တ်လျှင် ခုချက်ချင်း ထငိုတော့မည်ပုံ ပေါက်နေသော ကြောင့် နောက်ဆုံး …
“အင်း … မထူးပါဘူးလေ … ကိုမင်းတို့ ….မဝေတို့လည်း ခုနှစ် ထူးထူးခြားခြား ပြင်ဆင်လာမယ်လို့ ပြောတာပဲ …. ငါလည်း ထူးထူးခြားခြား ဖြစ်သွားတာပေါ့” ဟု ဆုံးဖြတ်၍ စိတ်ဒုန်းဒုန်းချကာ ၀တ်လာခဲ့ရလေ၏။
ခုတော့ ဆရာမ အဖြူရောင်ခင်ဗျ သားတော်မောင်နှစ်ယောက်၏ ကောင်းမှုကြောင့် ဒုက္ခလှလှ တွေ့နေရပေ ပြီ၊ အခြားမဟုတ် ဆရာမ၏ အတောင်နှစ်ဘက်မှာ သွားလေရာတွင် မလွတ်မလပ်နှင့် ဟိုလူကိုညှိ၊ ဒီလူကိုညှိ ဖြစ်နေ သောကြောင့် တောင်းပန်ရသည်မှာလည်း အကြိမ်ကြိမ်၊ တစ်ကြိမ်တွင် စာရေးဆရာတစ်ယောက်သည် ဘီယာ တစ်ကြိုက်ကြိုက်ပြီး အမြည်းအဖြစ် ဘဲကင်ကိုလက်လှမ်းကာ ပါးစပ်အတွင်းထည့်မည်အပြု ဆရာမ၏ အတောင် တစ်ဘက်ဖြင့် ရိုက်မိ၍ လက်ထဲမှ ဘဲကင်မှာ ပြုတ်ကျသွားလေသည်။ ထိုစာရေးဆရာသည် ယနေ့ရွှေပွဲတက် လာရသော်လည်း သူ၏ ပုဂွိုလ်ရေး ပြသာနာများကြောင့် စိတ်လက်မရွှင်မပျ ဖြစ်နေသူ ဖြစ်လေသည်။ ထိုစာရေး ဆရာသည် ယခင်က အရက်၊ ဘီယာကို မဆိုထားနှင့် ပင်ကျရည် ထန်းရည်ကိုပင် လျှာဖျားပေါ် တင်ဖူးသည်မဟုတ်၊ ယနေ့မှ အလာကားရသော … (အဲ မှားလို့ )… ဆရာဦးဝင်းငြိမ်း၏ မွေးနေ့ကို ဂုဏ်ပြုသော ဘီယာစပွန်ဆာများ လည်း ရှိနေသည့်အတွက် စိတ်လေလေနှင့် သောက်ကြည့်ခြင်းဖြစ်လေ၏။
ထို့ကြောင့် ဘယ် ဘကောင်သားက ပါးစပ်နားရောက်ကာနီး ဘဲကင်ကို ပုပ်ချလေသနည်းဟု မိုက်ကြည့် ဖြစ် ပြန်ကြည့်လိုက်သောအခါ ….
“ကန်တော့နော် …ဆရာ…. ကန်တော့။ အယ်… ကိုချမ်းပါလား မဖြူ တောင်းပန်ပါတယ် ကိုချမ်းရယ် ..မဖြူရဲ့ အတောင်တွေကြောင့်တော့ ဒုက္ခပါဘဲ”
ဆရာ ချမ်းထက်ဟန်မှာ သူ့၏ ဒေါသများအား အမြန်ရုပ်သိမ်းပြီး ဖော်ရွှေသော အပြုံးဖြစ် ဆရာမ အဖြူ ရောင်အား မက်တက်ရပ်၍ နူတ်ဆက်ရလေသည်။
“ရပါတယ် …. မဖြူရဲ့ ...ရပါတယ် …”
ဆရာချမ်းထက်ဟန်သည် စိတ်လက်မအီမသာ ဖြစ်နေရခြင်းမှာ များမကြာမီ ရက်ပိုင်းအတွင်းက သူ၏ အသည်းဦး၊ သူ၏ အသက်၊ သူ၏အိုအေစစ်၊ သူ၏ နားခိုရာ ရင်ခွင်ရိပ်မြုံ၊ သူ၏ ၀မ်းတွင်း ကလီစာများ၊ စသည့် စသည့် သူ တင်စားထားသော ချစ်သူသည် အစိမ်းလိုက် ၀ါးစားသွား (အဲ) အစိမ်းလိုက် သစ်စိမ်းချိုးချိုး သွားသောကြောင့် ပူပူနွေးနွေး အသည်းကွဲနေခြင်း ဖြစ်လေ၏။ ထိုကြောင့် ရွှေပွဲသို့ တက်လာသည့်တိုင် ရှည်လွယ် လွန်းသော သူ၏ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများကိုပင် မရိတ် မသင်ဘဲ ဒီအတိုင်း နဂိုရည်ဖြင့် တက်ရောက်လာ ခြင်းဖြစ်သည်။ ထိုကြောင့် ယခု ဆရာမအဖြူရောင် ဆရာချမ်းထက်ဟန်ကို သေချာကြည့်လိုက်မိသည့်ခဏ နှုတ်ခမ်းမွေးတွင် ဘီယာ အမြုပ်များ ကပ်ညှိနေ သည်ကို တွေ့ရသောကြောင့် သဘောတကျ ရယ်မိသွားလေသည်။
“ကိုချမ်း …. နှုတ်ခမ်းမှာ အမြုပ်တွေနဲ့ သုပ်လိုက်ဦး …. ဟင်း … ဟင်း …. ဟင်း”
“ဟင် … ဟုတ်လား မဖြူ …. အင်း ဒီနှုတ်ခမ်းမွေးကတော့ စရောက်ကတည်းကကို ဒုက္ခပေးနေ တော့တာပဲ”
“ဘာတွေများ … ဒုက္ခပေးနေတာလဲ …ကိုချမ်းရဲ့ ….ပြောစမ်းပါဦး”
“မပြောချင်တော့ပါဘူး မဖြူရယ်… ဒီကို စရောက်ရောက်ခြင်း … သတင်းထောင်တွေထဲက တစ်ယောက်က ကျွန်တော်ပုံစံရယ်…သူကြားရတဲ့ သတင်းတစ်ခုရယ်ကြောင့် မေးလာတယ် လေ …. ဆရာချမ်းထက်ဟန်က ကလေး နှစ်ယောက်ရဲ့ အဖေဆိုတာ ဟုတ်ပါသလားတဲ့ ဘယ်သူကများ ဖွထားတဲ့ သတင်းလည်း မသိပါဘူး ဗျာ”
ဆရာချမ်းထက်ဟန်၏ စကားကြောင့် ဆရာမအဖြူရောင်သည် ပါးစပ်မစိနိုင်ဘဲ ကိုယ်ကို လှုပ်၍၊ လှုပ်၍ ရယ်လိုက်မိလေ၏။ ထိုကြောင့်
“ဟဲ့ …ဟဲ့ အို ဒီမှာ ညှိကုန်ပြီ”
“ဟာ…. ဘာကြီးလဲ …လုပ်ပါဦးဟ”


(3)
ဆရာ ထွန်းတောက်ထွဋ်(သချာင်္)၊ ဆရာ နိုင်မြင့်၊ ဆရာညီငယ်လေး၊ ဆရာသာကြည်ဆွေ နှင့် ဆရာ မောင်နှင်းပန်း တို့သည် နောက်ကျမှ ရောက်ရှိလာသည့်အတွက် နောက်ဆုံး စားပွဲဝိုင်းတွင်သာ ၀ိုင်းဖွဲ လိုက်ကျ လေသည်။ ၀ိုင်းဖွဲ့၍ မကြာမှီ အချိန်လေး အတွင်းမှာပင် ဆရာတို့သည် အတော်ကောင်းနေကျပေပြီ။ ဆရာ ထွန်းတောက်ထွဋ်သည် သူ၏ စာများတွင် သူလူပျိုကြီးဖြစ်ကြောင်း ထည့်ထည့်ရေး၍ ကြော်ငြာတက်သည်သာမက ယခု အတော်လေး အရှိန်ရလာ၍ စကားပြောသောအခါတွင်လည်း သူလူပျို ကြီး ဖြစ်ကြောင်း စကားထဲတွင် ညှပ်ကာ၊ ညှပ်ကာ ထည့်ပြောတက် လေသည်။
“ကျွန်တော်တစ်ခု ပြောမယ် ကိုနှင်းပန်း …ကိုနှင်းပန်းရဲ့ “မသာ ကိုယ်စားလှယ်”ကို ကျွန်တော် ကြိုက်တယ်ဗျာ… ဘာဖြစ်လိုလဲဆိုတော့ …. ကျွန်တော်က ခုအသက်အရွယ်ထိ လူပျိုကြီး ဖြစ်နေတာကိုးဗျ …အဲဒီတော့ဗျာ …. အဲဒီ ၀တ္ထုကို ကြိုက်တယ် …ဒါပဲ ကျွန်တော် ပြောချင်တယ်”
ဆရာ မောင်နှင်းပန်းသည် သူ့၏ ၀တ္ထုအား ထောက်ခံသည် ဆိုသည့်အတွက် များစွာကျေနပ်လျက် ဆရာ ထွန်းတောက်ထွဋ်၏ စကားကို ခေါင်းတညိတ်ညိတ်ဖြင့် အလေးထား၍ နားထောင်နေလေ၏။
ဆရာ နိုင်မြင့်သည် လူကသာ ရွှေပွဲသို့ ရောက်ရှိနေသော်လည်း စိတ်က အိမ်တွင်ကျန်ရစ်ခဲ့ရှာ သော ချစ်ဇနီးချောဆ်ီသို့သာ စိတ်ရောက်နေလေ၏။ ပြီးခဲ့သည့် မတ်လ (25)ရက်နေ့ကမှ လက်ထက်ခဲ့ရသော ပူပူနွေးနွေး ချစ်ဇနီးသည်ကို စိတ်မချဖြစ်နေရလေသည်။
“အင်း …. ချစ်တစ်ယောက် ခုအချိန်ဆို ဘာတွေ လုပ်နေမှာပါလိမ့် …. ကို ပြန်မှ ထမင်းအိုး တည့်မယ် ဆိုတာကိုများ …. ကို ကို့မစောင့်ပဲ တည်နေလို့ … ဓါတ်လိုက်နေမလား။ ဒါမှမဟုတ် …ညနေ က လျှော်မည့်ဟု စိတ်ကူးလျက် ရေချိုးခန်းထဲမှာ “ကို” ပုံထားတဲ့ အ၀တ်တွေကိုများ ကို ကို့ မစောင့်ပဲ လျှော် ဖွတ်နေလေရော့သလား ….အင်း ချစ် …ချစ် …သူခဗျာ တကယ်ကို သနားစရာပါပဲ”
“ကျွန်တော် ပြောတာ ဟုတ်တယ် မဟုတ်လား… ကိုနိုင်မြင့်”
ဆရာ သာကြည်ဆွေပြောသော စကားကို ဆရာနိုင်မြင့် မကြားလိုက်မိ ထို့ကြောင့် ဘာများ လည်းဟု ပြန်မေးနေရသေးသည်။
“ဟာဗျာ …. ကိုနိုင်မြင့်ကလည်း ဒီမှာ ကိုညီငယ်လေးကို ကျပ်နေတာ ….ကိုညီငယ်လေး အမြဲ လျှာထိုး ဦးထုပ်ကို မချွတ်တာ ဘာကြောင့်များလဲလို့ မေးနေတာ”
“သြော် …ဒါလား …. ဒက်တွေ ရှိလို့ ဖြစ်မှာပေါ့”
“ဟာဗျာ…. ကိုနိုင်မြင့်က လုပ်ပြီ … ခုပဲ ကျွန်တော် သူတို့ကို ရှင်းပြနေတာ… ဒီဦးထုပ်က နယ်နယ်ရရ မဟုတ်ဘူးလို့ …. ခင်ဗျားတို့ သိကြတဲ့ “သံလိုက်သူ” လေးက အမှတ်တရ ပေးထားတဲ့ ဦးထုပ်ဗျ… ရေချိုးတာရယ်၊ ညအိပ်ယာဝင်တာရယ်ကလွဲရင် ဘယ်တော့မှ မချွတ်ပဲ ဆောင်းထားပြီး သူ့ကို သတိရနေပါဆိုလို့ …မချွတ်ပဲ ဆောင်းထား ရတာ”
“နို့ …. သိဘူးလေဗျာ… ကျွန်တော်က ဒက်များ ပေါက်နေသလားလို့”
“ဟာဗျာ”

(4)
ဆရာမ ငွေဇင်ယော်ဦး(မိုးကုပ်)သည် ယခုညနေမှ ရန်ကုန်သို့ ဆိုက်ကပ်သော ဖလိုက်ဖြင့် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည့်အတွက် အနည်းငယ် ခရီးပန်းနေလေသည်။ ဆရာမသည် ယခုလို့ ခရီး ဝေးသွားသည့်အခါ မူးမော်တက်သည်။ ထို့ကြောင့် ရွှေပွဲသို့ နှစ်တိုင်းမတက်ဖြစ် ယခုနှစ်တွင်တော့ မွေးနေ့ရှင် ဆရာ့ကိုလည်း မတွေ့ရ၊ မကန်တော့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် အရောက်လာခဲ့ ရခြင်းဖြစ်၏။
“ မဇင် … အသားတွေ ဖြူလာပြီး ပိုလှလာတယ်နော်”
ဆရာ မင်းဝေဟင်၏ နှုတ်ဆက်စကားကြောင့် ဆရာမသည် ခရီးပန်းသည့်ဝေဒနာများ အနည်းငယ်လျှော့ ပါးသွားသည်။ သူမအား အသားဖြူလာသည်ဟု သတိပြုမိသော ဆရာမင်းဝေဟင်အား လည်း မြင်တက်သားဟု စိတ်မှ တွေးမိလိုက်သည်။
“အရင်က တို့ မဇင်က … မည်းချောလေး…. ခုတော့ ညိုချောလေးပေါ့နော်…. မဖြူ”
“အာ…ကိုမင်းနော် အဟုတ်မှတ်လို့ နားထောင်နေတာ”
ဆရာမ ငွေဇင်ယော်ဦးသည် မိုးကုပ်သူဖြစ်၍ပဲလားတော့ မသိ အသားအနည်းငယ်ညိုသည်။ ဆရာမအား ရေးဖော်၊ ရေးဖက်များက မည်းချောလေးဟု အမြဲစနောက်နေလေ့ရှိ၏။ ဆရာ ဦးဝင်းငြိမ်း ကလည်း သူနှင့် ခပ်ဆင် ဆင်တူသော ဆရာမ ငွေဇင်ယော်ဦးအား သမီးအဖြစ် အမွေစား၊ အမွေခံ မွေး စားချင်သည်ဟု ပြောဘူးသည်။
ဆရာမ ငွေဇင်ယော်ဦးအား စနောက်နေသည့်အချိန်မှာပင် စတိတ်စင်မြင့်ထက်သို့ အခမ်းအ နားမှူးလုပ်မည့် ဆရာ ညီမင်းညို တက်လာလေသည်။ ဆရာသည် မနှစ်ကစ၍ ရွှေပွဲတွင် အခမ်းအနား မှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ မနှစ်က အနားနီးမှ အခမ်းအနားမှူးလုပ်ရမည်ကို သိရသည့် အတွက် သူ ဘာမျှမပြင်ဆင်နိုင်ခဲ့။ ယခုနှစ် တွင်တော့ ကြိုတင်ပြင်ဆင်လာခဲ့ဟန်တူပါသည်။ ဆရာ ညီ မင်းညိုသည် သူ၏ ရှည်လျားသော ဆံပင်ရှည်အား ကျစ်ဆံမြီးအသေးလေးများအဖြစ် အမြောက်အများ ကျစ်ကာ လိုင်းဖော်၍ နောက်တွင် စုစည်းထားလေသည်။ ပြောင်တင်းသောသူ၏ နဖူးပြင်မှာ မီးစလိုက်များကြောင့် ပြိုးပြိုးပျက်ပျက်ဖြင့် လျှက်စီးလက်သကဲ့သို့ ဖြစ်နေလေရာ ထိုအလင်းရောင်နှင့်ပင် စတိတ်စင်မြင့်မှ ပို၍အသက်ဝင်နေလေတော့သည်။
ဒါတင် မကသေးဘဲ ဆရာညီမင်းညိုသည် ခေမီကို အကအဖွဲ့နှင့် ပူးပေါင်း၍ ကြိုတင် ဇာတ်တိုက်ထား သည်နှင့်အတူ ပွဲဦးထွက်အဖြစ် “၀ါကာ…၀ါကာ…ရေ…ရေ” သီချင်းအား ကိုကြီးကျော် နတ်ဒိုးနှင့် ပေါင်းဖက်၍ ဆရာ ဦးဝင်းငြိမ်းနှင့်တကွ စာပေမိတ်ဆွေများကို မြူးမြူးကြွကြွ ဖျော်ဖြေ သေးသည်။ ဆရာညီမင်းညို၏ ကကွက်များအပြီး လက်ခုပ်သံများ တဖြောင်းဖြောင်းဖြင့် ဆူညံသွားလေ သည်။
“ကိုညီတို့ ကပြီးရင် …. ကျွန်တော် စီစဉ်ထားတဲ့ ပြဇာတ်ရှိသေးတယ် မမိုးရဲ့…မရမ်းကောင်းတာ ဗျ…. ကြည့်ပြီး အားပေးဦး”
ဆရာ မာန်(တောင်လုံးပြန်)သည် ဘေးတွင် ပုံ့ပုံ့ကြီးထိုင်၍ ဟိုတယ်စာများကို အားရ၊ ပါးရ စားနေသော ဆရာမ မီမိုးအား သတင်းပေးစကား ပြောလိုက်သည်။
“ဟင်…၀ုတ်လား…ဗီလုံးက အီစဉ်ထားတာလဲ”
ဆရာမသည် ပလုတ်ပလောင်းလေသံကြီးဖြင့် ပြန်မေးလိုက်သည်။ ဆရာမ ပြန်ပြောသော စကားကို ဆရာ မာန် နားမရှင်းပါ။ ထို့ကြောင့် ဘာမှ ပြန်မပြောတော့ဘဲ ရှေ့ကိုသာ အာရုံစိုက်နေလိုက် လေသည်။
“မမိုး…အဲဒီလောက်ကြီး မစားနဲ့ဗျ….တော်ကြာ မလှပဲနေဦးမယ်….ခုတောင် ကာတွန်းဆရာ တွေက မမိုးဓါတ်ပုံတွေကိုကြည့်ပြီး ကယ်ရီကေးချား ဆွဲလို့ကောင်းတယ်ဆိုပြီး အလုအယက် ဆွဲနေကြာတာ… တော်ကြာသူ့ထက်ပိုဆိုးနေဦးမယ်”
ဆရာမ မီမိုးသည် ဆရာမင်းဝေဟင်အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး။
“အဲဒါ …ကိုမင်း လက်ချက်မဟုတ်လား…မသိရင် ခတ်မယ်နော်”
ဆရာ မင်းဝေဟင်သည် ကာတွန်းဆရာ မောင်မောင်နေမျိုးသူဝိုင်းက ဆရာမ မီမိုးရွှေဆုရသော
ဓါတ်ပုံအားတွေ့သွားကာ ကာရီကေးချားရေးဆွဲခွင့်ပေးရန် တောင်းဆိုသည်ကိုသိထား၏။ ထိုအခါ ဆရာမင်းဝေဟင် က ကြားမှနေ၍
“မမိုးပုံကို ကယ်ရီကေးချားဆွဲရတာ လွယ်ပါတယ်ကွာ…ငါတောင် ဆွဲတက်တယ်.”
“ဟင် …ကိုမင်းက ရုပ်ပြောင်တွေ ဆွဲတက်လို့လား”
“မဟုတ်ဘူးလေကွာ…မမိုးပုံက ဆွဲတက်မှ ဆွဲလို့ရတာ မဟုတ်ဘူး၊ ပုံတူသာ ခတ်ရင်ခတ်မယ် ခု ကယ်ရီကေးချားကတော့ကွာ …ခေါင်းပိုင်းကို ကြီးပြီး အောက်ပိုင်း ချုံ့ဆွဲချလိုက် ကျိန်းသေ တယ် အဲဒါ မမိုးရဲ့ ပုံပဲ”
ထို စကားစုများအား ဆရာမ မီမိုး ကြားသွားခဲ့သည်ရှိသော ဆရာမင်းဝေဟင်အား အမှုန့်ကျိတ်ပြစ်မည်ထင် ပါသည်။ (မှတ်ချက်- ဆရာမင်းဝေဟင် အမှန်ပြောခဲ့သော စကားများဖြစ်၏)
သို့သော် ဆရာမင်းဝေဟင်အား ချစ်ခင်သောအားဖြင့်လည်းကောင်း၊ ဆရာမ မီမိုးနှင့် ရန်တိုက်မပေးချင် သောကြောင့်လည်းကောင်း ထိုစကားများကို ချောက်မတွန်းလိုတော့ပါ ထိုစကားအား ဆရာမ မီမိုး ဘယ်တော့မှပြန် ကြားရလိမ့်မည်မဟုတ်။
ဆရာ ညီမင်းညို၏ အကအလှများ တင်ဆက်သွားပြီးသည့်နောက် သတ္တမအကြိမ်မြောက် ရွှေ အမြုတေ စာပေဆုပေးပွဲကြီး စတင်ကျင်းပပြီ ဖြစ်ကြောင်းကို နားဝင်ပီယံရှိလှစွာဖြင့် ကြားသိလိုက်ရ လေတော့သည်။

(နောက်ဆက်တွဲ = 28.5.2012 ရက် ဆရာ့၏မွေးနေ့တွင် ကျင်းပမည့် ရွှေဆုပေးပွဲတွင် ရူ)
(ဆရာဦးဝင်းငြိမ်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းဖြင့် နှစ်စဉ်၊ နှစ်တိုင်းရွှေဆုပေးပွဲ ကျင်းပ နိုင်ပါစေသော်)

ဆရာဗိုလ်မျောက်ဒင်၏ တပည့်
ဗိုလ်လေး ၀က်လက်မြီး(ခ) မှူးဆက်ပိုင်
· · · Share · EditEdit · May 1

  • 4 shares4 shares
    • Cham Htet Han နောက်နေ့ ၀ိုင်းဆဲ ကြပါစေဗျာ
      May 1 at 10:16pm · · 2
    • သတိုး သတိုး ဆရာမှူးရေးထားတာ ဆဲမယ့်လူတောင် ရယ်နေရတာနဲ့ ပါးစပ်က ဆဲဖို့ အားမယ် မတင်။း)
      May 1 at 10:32pm · · 1
    • Plati Num
      ဒီနေ့ မနက်( တကယ်ဆိုတော့ မနေ့ည ကတည်းက ) စာရင်းတွေမှားလို့ (မလုပ်တတ်တော့လို့ ) စိတ်အကြီးအကျယ် ညစ်နေတာ စိတ်ပြေလက်ပျောက် FB လေးဖွင့်ကြည့်ဦးမှပါ ဆိုပြီးဖွင့်ကြည့်လိုက်တော့ ဒီစာကိုတွေ့/ဖတ်/ရယ်/သဘောကျ/ စိတ်ညစ်တာတောင်မေ့သွား ...ကျေးဇူးပဲ ဆရာရေ ။ေ...မ 26 မှာ ပွဲလုပ်မယ်နဲ့ တူတယ် ။ အဲဒီရက် မနက်စာကို နေ့လည်စာ တစ်ခုခု ကျွေးမယ် ။ ဒီစာဖတ်မိသူ ဘော်ဒါအပေါင်း ဆုံကြရအောင် ရန်ကုန်ရောက်တာနဲ့ ဖုန်းဆက်ကြပါ ။ 098613562 ကို ဆက်သွယ်ကြပါရန် ။ ရန်ကုန်ဘော်ဒါတွေ အပါအ၀င် ဆုံကြရအောင်။ တစ်နှစ်တစ်ခါ တွေ့တုန်းကြုံခိုက် အတင်းအဖျင်း သတင်းပလင်းလေး ဝေမျှရအောင် ။See More
      May 2 at 9:54am · · 3
    • Wai Eco ခင်စန်းဝင်းက အဲဒီရက် မအားလို့တဲ့ဆရာရေ... ကျွန်မကတော့ ရွှေတောင်က မာမီမှူးနဲ့ပဲ မိတ်ကပ်ပြင်မလားလို့....းD
      May 2 at 12:42pm · · 1
    • ခွန်ခမ်း ကို မောင်မှူး ဘယ်တွေလွတ်နေတာလဲ ဆေးသောက်ဦး
      May 2 at 4:21pm · · 1
    • ခွန်ခမ်း ကို ဆရာမရှိ မရှိသလိုပဲ
      May 2 at 4:21pm · · 1
    • Cham Htet Han မာမီမှုးက လည်း အားမှာ မဟုတ်ဘူး အဲ့ရက်ပိုင်းမှာ မိုးကြိုးပစ် ငှက်ငယ်လေးများမှာ ကရဦးမှာတဲ့ ဗျိုးးးးးးးး။း)
      May 2 at 7:51pm · · 1
    • Mhusat Paing စိတ်ဆိုးပြီး မဆဲတဲ့အတွက် ကျေးဇူးအရမ်းတင်မိပါတယ်၊ ဆရာ၊ ဆရာမတို့ရေ။ အဆဲခံရမလားဆိုပြီး နောက်နေ့ fb တောင် မဖွင့်ရဲခဲ့ဘူး၊ အဟီး၊ ခင်လို့ပါဗျာ။
      Thursday at 9:12pm ·
    • Min Waihinn ရွှေဆုပေးပွဲက ၂၈ ရက်ပါ မဖြူရဲ့။ ဒါကြောင့် ကျွန်တော်တို့ရန်ကုန်ကလူတွေနဲ့ နယ်ကစာရေးဆရာတွေ ၂၈ နေ့လည်စာ စားမယ်လေ။ ငွေဇင်ယော်ဦးလည်း လာမယ်တဲ့ဗျ။
      Thursday at 10:14pm ·
    • Thitkhet Eain ယာ့း့.......ကျား.......